မြန်မာကို တင်သွင်းတဲ့ ဘင်္ဂလာဒေခ်ျ့က သန္ဓေတားဆေး နယ်စပ်မှာ ဖမ်းဆီး

ပို့စ်တင်ချိန် - 12/26/2013 01:39:00 PM


ဘင်္ဂလာဒေခ်ျ့ဘက်ကနေ မြန်မာဘက်ကို တရားမ၀င် တင်သွင်းတဲ့ သန္ဓေတားဆေးတွေကို ဘင်္ဂလာ နယ်ခြားစောင့် (BGB) တပ်ဖွဲ့ တစ်ခုက ယမန်နေ့က နယ်စပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးမိတဲ့ ဆေးကဒ်ပေါင်းက ၁၁၉၇၀ ကဒ်ဖြစ်ပြီး စုစုပေါင်း တန်ဖိုးက ဘင်္ဂလားတာကာငွေ ရှစ်သိန်းခုနှစ်သောင်း (၈၇၀၃၆၃) ရှိတယ်လို့ သိရပါတယ်။

ဆေးတင်ပို့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ မိသားစု စီမံကိန်းတွေအတွက် နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ အစိုးရက သန္ဓေ တားဆေးတွေကို အခမဲ့ဖြန့်ဝေနေရာမှာ အများစုကတော့ အသုံးမပြုဘဲ မြန်မာဘက်ကို တရားမ၀င် တင်သွင်းနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Burmesenews narinjara