သန္ဓတားဆေးများက ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေနိုင်

ပို့စ်တင်ချိန် - 12/12/2013 04:45:00 PM


သန္ဓတားဆေးများက ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေနိုင်သန္ဓေတားဆေးများ သောက်ခြင်း ဖြင့် ရာသီလာစဉ် အမျိုးသမီး အချို့ခံ စားရသော ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ ဗိုက်ပွခြင်းစသည့် လက္ခဏာများအား သက်သာစေကြောင်းကို ထောက်ခံသည့် အချက်အလက် သစ်များ ပေါ်ထွက်လာ ခဲ့သည်။ ဆွီဒင် ပညာရှင်များက နှစ်ပေါင်း ၃ဝ ကျော်ကြာလေ့လာ ခဲ့သော အချက် အလက်များအရ သန္ဓေတားဆေးမ သောက်သူ အမျိုးသမီး များနှင့်နှိုင်းယှဉ် လျှင် ဆေးသောက်သူ များတွင် နာကျင်မှု ပိုနည်းကြကြောင်း တွေ့ရှိခဲ့ရသည်။

ယခု လေ့လာမှုကို Human ဂျာနယ်တွင် ဖော် ပြခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ရာသီလာစဉ်နာကျင် မှုကြောင့် တစ်နှစ် လျှင် အမျိုးသမီးများ၏ အလုပ်ချိန် သန်း ၆ဝဝနှင့် ကုန်ထုတ်လုပ်မှု ဒေါ်လာနှစ် ဘီလီလျံ ဆုံးရှုံး သွားကြောင်း စာရင်းများ က ဖော်ပြနေသည်။

ဆွီဒင်သုတေသီ များက ၁၉၈၁၊ ၁၉၉၁ ခုနှစ်နှင့် ၂ဝဝ၁ ခုနှစ်တို့တွင် ၁၉နှစ်ပြည့်ခဲ့သော အမျိုး သမီးအုပ်စု သုံးစုအား လေ့လာခဲ့ကြ သည်။ တစ်အုပ်စုလျှင် အမျိုးသမီး ၄ဝဝ မှ ၅၂ဝ အထိပါဝင်ပြီး ၎င်းတို့၏ ရာသီ စက်ဝန်းပုံစံ၊ ရာသီလာစဉ်နာကျင်မှု၊ သန္ဓေတားဆေးသုံးမသုံး၊ အရပ်၊ ကိုယ် အလေးချိန်စသည့် မေးခွန်းများအား မေးမြန်းခဲ့သည်။ ၎င်းတို့ အသက်၁၉ နှစ် မှ၂၄နှစ်အကြားတွင် နှစ်စဉ်မေးခွန်းများ မေးမြန်းခဲ့သည်။ ထိုအခါ သန္ဓေတား ဆေးသုံး၊ မသုံးဆိုသည့် ကိစ္စပေါ်မူတည် ၍ရာသီ လာစဉ်နာကျင်ကိုက်ခဲမှု အတိုင်း အတာသိသိသာသာကွာခြားကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော် သားဖွားမီးယပ် ပညာရှင်များကမူ ဤကိစ္စသည် မထူး ဆန်းကြောင်း၊ သူတို့သည် ယခင်က တည်းက စာအုပ်ထဲရေး မထားသည့်တိုင် ရာသီလာစဉ်နာကျင်ကိုက်ခဲမှု များသက် သာအောင် သန္ဓေတားဆေးများ ပေးခဲ့ လေ့ရှိကြောင်း၊ ယခု တွေ့ရှိချက်မှာ ပိုမို ခိုင်မာအောင် သိပ္ပံနည်း ကျဖော်ထုတ် ပေးခြင်းဖြစ်ကြောင်းနှင့် ဆရာဝန်များအ နေဖြင့် လူနာများအား သန္ဓေတားဆေး ၏ကောင်းကျိုး၊ ဆိုးကျိုးများအား ရှင်း ပြရာတွင် ယခုအချက်အား ထည့်ပြော ပေးခြင်းဖြင့် လူနာ၏ စိတ်ဝင်စား မှုကို ပိုရနိုင်ကြောင်း ပြောပြခဲ့ကြ ပါသည်။
Good Health