ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် လူသတ်မူ ပိုများပြားလာ

ပို့စ်တင်ချိန် - 12/26/2013 10:38:00 AM


ယခုရက်ပိုင်းတွေ အတွင်း မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံရဲ့ ဒက္ကားမြို့တော်မှာ တိတ်တဆိတ် လူသတ်မူတွေ တိုးပွား လာနေပါတယ်။

မနေ့ကလည်း အသက် (၈၀) ရှိပြီးဖြစ်တဲ့ နာမည်ကြီး ၀ါရင့် ဓါတ်ပုံ သတင်းထောက် Aftab Ahmed ကို သူရဲ့ နေအိမ်မှာ တစ်ဦးတည်းနေထိုင်နေစဉ် လူသတ်သမားတွေက ၀င်ရောက် သတ်ဖြတ်သွားခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေးတိုက်ပွဲအတွင်း သူရဲ့ မှတ်တမ်းတင် ဓါတ်ပုံတွေကြောင့် နာမည်ကြီးသူ ဖြစ်ပါတယ်။ဘယ်သူတွေ သတ်သွားသလဲဆိုတာ ရဲက စုံစမ်းနေတုန်း ဖြစ်ပါတယ်။

အလားတူဘဲ ဒီလ ၂၁ ရက်နေ့က စိတ်တန်ခိုးရှင်လို့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ ဂရုဆရာ တစ်ဦးနဲ့ သူ့သား တစ်ဦးအပါအ၀င် စုစုပေါင်း လူ (၆) ကို သူတို့ရဲ့ နေအိမ်မှာ အမည်မသိတဲ့ လူတစ်စုက ၀င်ရောက် လည်လှီး သတ်ဖြတ်သွားခဲ့ပါတယ်။ သူရဲ့ ဇနီးအပါအ၀င် မိန်းမ (၄)ဦး၊ ကလေးနှစ်ဦးကိုတော့ ကြိုးနဲ့ တုတ်ပြီး အခန်းတစ်ခုမှ ပိတ်ထားခဲ့ပါတယ်။ ရဲကတော့ ဘာသာရေးအရ အယူအဆ မတူသူတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့ကလည်း အသက် ၃၀ အရွယ် လူငယ် တစ်ဦးကို ဒက္ကားမြို့က ချော်ဘဇာရှိ သူအစ်မဖြစ်သူရဲ့ နေအိမ်မှာ ၀င်ရောက် သတ်ဖြတ်သွားခဲ့ပါတယ်။ သတင်းစာတွေမှာတော့ နေ့တိုင်းလိုလို သတ်ဖြတ်ခံရမူတွေကို ဖေါ်ပြနေပါတယ်။

ခုလို သတ်ဖြတ်မူတွေက နယ်ကမြို့တွေ၊ ကျေးလက်တောရွာတွေမှာလည်း ဖြစ်ပေါ်နေတဲ့ အတွက် လူတွေကတော့ ကျီးခန့်စာစားဖြစ်နေကြတယ်လို့ ဆိုပါတယ်။
Burmesenews narinjara