မန်ယူရှုံးတာမကြည့်ရက်လို့ အဆုံးစီရင်ခဲ့သူ

ပို့စ်တင်ချိန် - 12/12/2013 08:47:00 AM


ဖြစ်မှဖြစ်ရလေလို့ ပြောရတော့မလိုပါပဲဗျာ။ ဒီကိစ္စအတွက် နှစ်ပွဲဆက် ရှုံးတဲ့ မန်ယူကိုပဲ အပြစ်တင်ရမလို၊ မာချာရီယာကပဲ ခံစားချက်ကြီးလွန်းတယ် ပြောရမလို ဖြစ်ခဲ့ရပါတယ်။ မာချာရီယာဆိုတာ အသက် (၂၃)နှစ်အရွယ် ကင်ညာနိုင်ငံသား မန်ယူ ပရိသတ် တစ်ယောက်ပေါ့ဗျာ။

ခံစားချက် လွန်ကဲမှုက သူ့အသက်ကို နုတ်ယူသွားတဲ့ အဓိက တရားခံပါပဲ။ ဘာကြောင့်လဲဆိုရင် မန်ယူအသင်း နှစ်ပွဲဆက် ရှုံးတာကို မကြည့်ရက်နိုင်တဲ့ မာချာရီယာဟာ နယူးကာဆယ်နဲ့ ပွဲစဉ်အပြီး (၇)နှစ်ထပ် တိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ ဒီလို မလုပ်ခင် မာချာရီယာပြောခဲ့တာက “မန်ယူအသင်း (၂)ပွဲဆက် ရှုံးတာကို မမြင်ရက်နိုင်ဘူး”တဲ့လေ။ ဟုတ်ကဲ့။ အနိုင်၊ အရှုံးဆိုတာ ယှဉ်ပြိုင်နေသူတိုင်း ကြုံတွေ့ရမယ့် ရလဒ်တစ်ခုပါပဲ။ ဒီထက်ပိုတာ အရှုံးတွေထဲက လွန်မြောက်ဖို့ပါ။ ဘာပဲဖြစ်ဖြစ် မာချာရီယာနဲ့ ပတ်သက်ပြီး ဆွံ့အသွားမိတာတော့ အမှန်ပါပဲ။

Thursday, December 12, 2013