ကူးစက်ရောဂါ တိုက်ဖျက်ရေး အေဒီဘီက ဒေါ်လာ ၁၀ သန်း ကူမည်

ပို့စ်တင်ချိန် - 12/24/2013 04:42:00 PM


မြန်မာနိုင်ငံ ပြည်နယ် ၃ ခု ကျေးရွာပေါင်း ၇၀၀ ကျော်မှာ ဆောင်ရွက်မယ့် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အပါအ၀င် တီဘီ၊ ငှက်ဖျားနဲ့ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါ တိုက်ဖျက်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဒေါ်လာ ၁၀ သန်း အကူအညီပေးမယ်လို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။

မွန်၊ ကရင်နဲ့ ရှမ်းပြည်နယ်မှာ အကောင်အထည် ဖော်မယ် ဒီ အစီအစဉ်တွေအတွက် ဂျပန် အစိုးရရဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအစီအစဉ်က ရတဲ့ ရန်ပုံငွေကို အေဒီဘီကနေ တဆင့် တကယ်လက်တွေ့ အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတွေကို ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒီငွေတွေနဲ့ ရောဂါကူးစက်မှုလျော့ချရေးအပြင် အိပ်ခ်ျအိုင်ဗွီ ဖြစ်လို့ အေအာရ်တီဆေး လိုအပ်သူတွေအတွက် တိုးမြှင့်ပြီး ဆေးပေးနိုင်အောင်နဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို သင်တန်းပေးတဲ့ နေရာတွေမှာလည်း အသုံးပြုသွားမယ်လို့ သိရပါတယ်။
DVB Burmese