ပန်းသီးများကို ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ

ပို့စ်တင်ချိန် - 12/25/2013 07:30:00 AM


(၁) ပုံမှာပြထားသည့် အတိုင်း ပန်းသီးလေး တွေကို တစ်ခြမ်းစီ ခွဲလိုက်ပါ။ ထို့နောက် အေးသော ရေနှင့် ၃ မီးနစ် ၄ မီးနစ်လောက် စိမ်ထားလိုက်ပါ။ ခဏအကြာမှာ ပန်းသီးစိတ်လေးတွေကို ဆယ်လိုက်ပါ။ ပြီးရင် ဆားကို ပန်းသီး အစိတ်ပေါ် မှုတည်ပြီး ထည့်ကာ နှယ်လိုက်ပါ။ ပြီးရင် ရေဖြင့် စင်ကြယ်အောင် ဆေးပါ။
(၂) ထို့နောက် ပန်းကန်တစ်ခု အတွင်း ထည့်ကာ ရှောက်ရည် ပုရာရည် တို့ဖြင့် ၃ မီးနစ် ၄ မီးနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ရေဖြင့် စင်ကြယ်အောင် ဆေးပါ။
(၃) ၃ မီးနစ် ၄ မီးနစ်လောက် လေသလပ်ခံ ထားလိုက်ပါ။
(၄) နောက်ဆုံး အဆင့်အနေနဲ့ ကတော့ လေလုံသော စက္ကူများဖြင့် ထုတ်ပိုးနိုင် ပါပြီ။
ထိုနည်းလမ်းကို အသုံးပြုခြင်း အားဖြင့် ပန်းသီးများကို ကြာရှည်ခံ စေတယ်လို့ သိရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
Yoyarlay