ချစ်သုဝေ ပြောပြတဲ့ ဘာသာတရားအနှစ်သာရနှင့် ခရစ္စမတ်အမှတ်တရအကြောင်း

ပို့စ်တင်ချိန် - 12/23/2013 06:48:00 PM


အခုနှစ်ဒီဇင်ဘာ ၂၅ရက်နေ့မှာ ဆိုရင် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ် ရက်မြတ်ကို ရောက်ရှိတော့မှာဖြစ် ပါတယ်။ ပေါ်ပြူလာဂျာနယ်က ခရစ္စမတ်အကြိုဂုဏ်ပြုတင်ဆက်ဖို့ ခရစ္စမတ်မြင်ကွင်းဓာတ်ပုံ ရိုက်ကူး ရန်စီစဉ်တဲ့အခါမှာတော့ ခရစ်ယာန် ဘာသာဝင်တစ်ဦးလည်းဖြစ် မကြာမီ ကာလအတွင်းမှာလည်း မင်္ဂလာ လက်ထပ်ပွဲဆင်နွှဲတော့မယ့်သူလည်း ဖြစ်သူ၊သရုပ်ဆောင်အဆိုတော် ချစ်သုဝေနဲ့အတူ ချစ်စရာ သမီးငယ် လေးတွေ၊ သားငယ်လေးတွေ ပါဝင် ဝန်းရံကာ
ချစ်သုဝေရဲ့နေအိမ်မှာပဲ ပုံဖော်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီလို ခရစ္စမတ်ကာလအပြင်အဆင်လေးတွေကိုတော့ ချစ်သုဝေနဲ့ ချစ်ဆုဝေ တို့ညီအစ်မနှစ်ဦးက နေအိမ် မှာ နှစ် တိုင်းလိုလိုပင် အလှဆင်လေ့ရှိပါတယ်။ ဒီလိုလှပတဲ့ ခရစ္စမတ်အပြင် အဆင်တွေနဲ့အတူ ချစ်သုဝေရဲ့ တူ မလေး မေစံပယ်(Vee Vee)၊ဒီဇိုင်နာ မပုံ့(My Favourite)ရဲ့ သမီးကြီး ပိုး မြတ်ဟေသာ၊ သမီး လတ်ဆိုဖီယာ၊ သားအော်စကာတို့နဲ့အတူ ခရစ္စမတ် အမှတ်တရပုံရိပ်၊ အပျော်ပုံရိပ်လေး တွေကို ကြည်နူးပီတိ ဖြစ်ဖွယ် ဓာတ်ပုံ ရိုက်ကူး ကာ ပုံဖော်ဖြစ်ခဲ့ပြီး သရုပ်ဆောင်၊အဆိုတော်ချစ်သုဝေနဲ့ ရင်တွင်းစကားသံများကိုလည်း မေး မြန်းဖြစ်ခဲ့ပါတယ်။

►ခရစ္စမတ်ဆိုတာ -

ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပျော်စရာကောင်း တဲ့နေ့ရက်လည်း ဖြစ်ကြောင်းကို ချစ်သုဝေက “ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေ အတွက် လူသားတွေ ကို ကယ်တင်ဖို့အတွက် သခင်ယေရှုမွေးဖွားလာတဲ့ နေ့ထူး၊နေ့မြတ်နေ့ ရက်ကလေးတစ်ခုဖြစ်တယ်။ ခရစ္စယာန်တစ်ယောက်အနေနဲ့ ရိုးရိုးသာမန်လူ ဆိုရင် တောင် ခရစ္စမတ်ဆိုရင် ဘယ်သူဖြစ်ဖြစ် ပျော်တတ်ကြတာဆိုတော့ ဆောင်းတွင်းလေး လည်းဖြစ်တယ်။ ဒီခရစ္စမတ်ရဲ့ အနှစ်သာရလေးကလည်း ပြည့်စုံတယ် ဆိုတော့ ထရီဇာ အတွက် တအားပျော်တဲ့ကာလပေါ့”လို့ ပြောပါတယ်။

► ခရစ္စမတ်ကို ပျော်ရွှင်စွာ ဖြတ်သန်း -

ခရစ္စမတ်ကို ခရစ်ယာန် ဘာသာဝင်တို့ ဓလေ့ထုံးတမ်း ပြုမူကာ ဂုဏ်ယူစွာ ဖြတ်သန်းခဲ့ရကြောင်း ကို ချစ်သုဝေက “ခရ စ္စမတ်ဆိုရင် ဘယ်တော့မှ အလုပ်မလုပ်ဖြစ်ဘူး။ မိသားစုတွေ အမြဲတမ်း အတူတူနေတဲ့ နေ့ကလေးတွေပေါ့။ ဝေးတဲ့အမျိုးတွေကနေ နီးစပ်တဲ့ အမျိုးအထိ အတူတူဆုံဖြစ်ကြတယ်။ ထရီဇာ့ ဘဝမှာ မှတ်မှတ်ရရဆိုလို့ စင်ကာပူကိုဇာတ်ကားသွားရိုက်တုန်းကပဲ အလုပ် လုပ် ဖူးတယ်။ စင်ကာပူမှာ ထရီဇာနဲ့ ထရီဇာ့မေ မေ နှစ်ယောက်တည်းဆိုတော့ တအား အထီးကျန် ဆန်တာပဲ။ အိမ်ကို တအားသတိရသလို၊ ဘုရား ကျောင်းကိုလည်း သတိရ တယ်။ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း သတိရတယ်။ ဆွေမျိုးတွေ gathering လုပ်တဲ့ အချိန်မှာ ကိုယ်မ ရှိတော့ ဝမ်းနည်း တယ်။ ၂၄ရက် နေ့ညဆိုရင် ဘုရားကျောင်း တက်တယ်။ greetလုပ်ကြတယ်။ နောက်နေ့ ၂၅ ရက်နေ့မှာလာကြတဲ့ ဆွေမျိုး တွေ၊ မိတ်ဆွေသူငယ် ချင်းတွေလာ နှုတ် ဆက်ကြတဲ့သူတွေ ကို ကျွေးမွေးဧည့်ခံဖို့အတွက် အသင့်ပြင်ထား ကြတယ်။ နေ့ ခင်းကျရင်ဘွားဘွား အိမ်မှာစုကြတယ်။ ဘွားဘွားအိမ် က မြောက်ဒဂုံ မှာ ဆိုတော့ မြောက်ဒဂုံနီးစပ်ရာ မှာရှိတဲ့ မရှိတဲ့ကလေးတွေ အိမ် ထောင်စုတွေအတွက် လက်ဆောင်တွေ မဲ ဖောက်ပေးကြတယ်” လို့ ဆိုပါတယ်။

►ခရစ္စမတ်အမှတ်တရ

ဒါ့အပြင် မိမိကိုယ်တိုင် ခရစ္စမတ်ရောက်တိုင်း အမှတ်တရ တွေ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ကျန်ရှိခဲ့ပုံအကြောင်းတွေကိုလည်း “ခရစ္စမတ်တိုင်းကတော့ အမှတ်တရဖြစ် ပါ တယ်။ တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့ အပျော်တွေချည်းပဲ။ Carol Singing သွားဆိုကြတယ်ဆို ရင် အိမ်တွေက မုန့်တွေကျွေးကြ တယ်။ တအားအိပ်ချင်လာရင် ဘီ အမ် ကားပေါ်မှာပဲ အိပ်တော့မယ်ဆို ပြီး နေခဲ့ပြီးမှအပြေးလိုက်ပြီး လိုက် ဆိုတာမျိုး။ အဲဒီလို အမှတ်တရတွေ များတယ်။ ဟိုးငယ်ငယ်တုန်းကဆို ရင် စင်တာကလော့ခ်တကယ် ရှိတယ် ပဲ ထင်တာ။ အဖေအမေက ကိုယ့် ကို ပြောထားတာက လိမ္မာလို့ရှိရင် စင်တာကလော့ခ်က ခရစ္စမတ်မှာ လက်ဆောင်ကောင်းကောင်းတကယ် ပေးမယ်။ မလိမ္မာရင် မပေးဘူးလို့ ပြောထားတယ်။ တစ်နှစ်မှာ ထရီဇာ တို့ အိပ်ယာကနိုးလာတော့ ခေါင်း ရင်းကို ကြည့်လိုက်တော့ ကော်ရုပ်စု ဗူးလေးတွေ့တယ်။ ထရီဇာတို့ ညီ အစ်မနှစ်ေ ယာက်က တအားစိတ်ညစ် သွားတယ်။ စင်တာကလော့ခ်က တအားရက်စက်လိုက်တာပေါ့။ ငါတို့ ကို ကော်ရုပ်စုဗူးပဲပေးတယ်ပေါ့။ ကိုယ်လည်းဆိုးလို့ နေမှာပေါ့လေ။ ထရီဇာသူငယ်ချင်းကကျတော့ စန္ဒ ရားကြီးရတယ်။ မေမေက ပြော တယ်။ တွေ့လား ဘယ်လောက်လိမ္မာ လဲမသိဘူး။ မိဘစကားကို ဘယ် လောက်ထိ နားထောင်လဲ မသိ ဘူး။ စင်တာကလော့ခ်က စန္ဒရားကြီး တောင်ပေးတယ်။ အဲဒါကြောင့်မို့ စကားနားထောင်ပါလို့ ပြောတာပေါ့ ဆိုပြီး ပြောတယ်”လို့ ချစ်သုဝေက ပြန်ြေ ပာင်း ပြောပြပါ တယ်။

►ပရိသတ်အတွက် စကားလက်ဆောင်

ဆက်လက်ပြီး မိမိတို့အားပေး ကြတဲ့ အမြို့မြို့အနယ်နယ်က ပရိသတ်ကြီးတွေအတွက် ခရစ္စမတ် လက်ဆောင်စကားကို ချစ်သုဝေက

”ခရစ္စမတ်ကာလက တအား လည်း ကျက်သရေရှိတယ်။ တကယ် လည်း မွန်မြတ်တယ်။ လူသားတွေ အပြစ်လွတ်ဖို့အတွက် ကယ်တင်ရှင် ကြွလာတဲ့အဓိပ္ပာယ်လေ။ လူတွေ ဆိုတာ အပြစ်နဲ့မကင်းဘူး။ အပြစ် တွေ လုပ်ကြတယ်။ ဒါပေမဲ့ နည်းနိုင်သမျှနည်းအောင် ကြိုးစားကြတယ်။ ထရီဇာဆိုလည်း ဒီနှစ်ခရစ္စမတ်မှာ မကောင်းတဲ့အမူအ ကျင့်တစ်ခု ပျောက်ဖို့ ကြိုးစားတယ်။ ဘုရားမှာ ဆုတောင်းတယ်။ လူတွေက အသား အရောင်တွေ မတူဘူး။ ဘာသာတ ရားတွေ ကွဲပြားမယ်။ လူမျိုးတွေ ကွဲ ပြားမယ်။
မတူညီတာအားလုံးကို နဆကခအေငသည ချပေးနိုင်တာက ချစ် ခြင်းမေတ္တာတစ်ခုထဲဖြစ်တဲ့အတွက် မေတ္တာတရားနဲ့ မြင်တဲ့အမြင်တွေ၊ အတွေးတွေ၊ အပြောတွေ လုပ် ဆောင်ချက်တွေနဲ့ လုပ်ဆောင်ပြီး ခရစ္စမတ်ကာလမှစပြီး နောင်နေ့ ပေါင်းများစွာကို အဓိပ္ပာယ်ရှိတဲ့ အကျိုးရှိရှိနဲ့ ဖြတ်သန်းနိုင်ကြပါစေ။Merry Christmas …..!!!! ” လို့ မေတ္တာတရားထုံးမွှမ်းထားတဲ့ ကြည် နူးပီတိဖြစ်သွယ်ဆုခြွေစကားတွေ ပြောကြားခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal