ပျဉ်းတော်သိမ်နှင့်လူ့ ကျန်းမာရေး

ပို့စ်တင်ချိန် - 12/07/2013 01:00:00 AM


7-12-2013 (နည်းစနစ်ကျကျအတွေးအခေါ်)

ပျဉ်းတော်သိမ်ဆိုတာနဲ့  ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးတဲ့
အရွက်အနေနဲ့  မြန်မာတိုင်းသိကြမယ်ထင်ပါတယ်။
ဒီလိုအသုံးဝင်တဲ့ပျဉ်းတော်သိမ်ရွက်မှာ
သင့်ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုနေပါတယ်။

- အစာခြေစနစ်အတွက်အထောက်အကူပြုခြင်း

- ကျောက်ကပ်အတွက်ကောင်းမွန်ခြင်း

- တစ်ခါတစ်လေမနက်အိပ်ယာထချိန်တွင်ဖြစ်တတ်သော
အန်ချင်သလိုဖြစ်ခြင်း၊ကိုယ်လက်မအီမသာဖြစ်၍နေမကောင်းချင်ဖြစ်ခြင်း၊
မူးနောက်နောက်ဖြစ်ခြင်း စသည်တို့ ကိုသက်သာစေခြင်း

- ပျဉ်းတော်သိမ်းပင်အမြစ်ကို အရည်ဖျော်သောက်ပါက ကျောက်ကပ်ရောဂါများကို
သက်သာပျောက်ကင်းစေခြင်း

- ဆံသားကျန်းမာရေးနှင့်ဆံပင်သန်စေခြင်း

- ခန္ဓာကိုယ်တွင်းရှိအပူအပုပ်များကျစေပြီးအသားအရည်ကျန်းမာရေးကို
ထိန်းသိမ်းပေးခြင်း

- ဆီးချိုရောဂါကိုကာကွယ်ပေးခြင်း

- အဆိပ်ရှိသောအင်းဆက်နှင့်အခြားသတ္တ၀ါများအကိုက်ခံရပါက
ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ZK(ကနောင်)
Myanma Spectrum