မြန်မာအမျိုးသမီး ဘောလုံးအသင်း အကြိုဗိုလ်လုပွဲ တက်

ပို့စ်တင်ချိန် - 12/17/2013 06:45:00 AM



မန္တလေး၊ ဒီဇင်ဘာ ၁၅

မန္တလေးမြို့တော် မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပလျက်ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အုပ်စုဒုတိယဖြင့် အကြို ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

ယင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အုပ်စု (ခ) မှ အုပ်စုဗိုလ်နှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ယင်းအားကစားကွင်း၌ တွေ့ဆုံယှဉ်ပြိုင် ကစားရတော့မည် ဖြစ်သည်။

အုပ်စု (ခ) တွင် ထိုင်းအသင်းသည် တစ်ပွဲကစား တစ်ပွဲနိုင် သုံးမှတ် ရရှိနေကာ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဒုတိယပွဲစဉ်အဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိခဲ့လျှင် အုပ်စု ဗိုလ်အဖြစ်နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက် လာမည်ဖြစ်ကာ မြန်မာအမျိုးသမီး ဘောလုံး အသင်းနှင့် ဆုံတွေ့ရမည် ဖြစ်သည်။ အုပ်စု (ခ) တွင် မလေးရှားအသင်းမှာ တစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် ရမှတ်သုံးမှတ် ရရှိထားသည်။

ပြိုင်ပွဲအုပ်စု (က) ၏ နောက်ဆုံးပွဲစဉ် ဖြစ်သော မြန်မာအမျိုးသမီး အသင်းနှင့် ဗီယမ်နမ် အမျိုးသမီး ဘောလုံးအသင်းတို့ ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) ညနေ ၄ နာရီ အချိန်တွင် ကစားခဲ့ရာ မြန်မာအမျိုးသမီး ဘောလုံး အသင်းသည် ဗီယက်နမ် အမျိုးသမီးအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ သည်။

ယနေ့ပွဲကစားသော နှစ်သင်းစလုံးမှာ အုပ်စုအဆင့်မှ တက်နေကြပြီ ဖြစ်သော်လည်း အုပ်စု ဗိုလ်နေရာအတွက် အကြိတ်အနယ် ကစားခဲ့ကြပြီး ဗီယမ်နမ် အသင်းအတွက် အနိုင်ဂိုးအား ၁၇ မိနစ်တွင် ကျောနံပါတ် ၂၂ က သွင်းယူပေးခဲ့သည်။

The Voice Weekly Myanmar