လယ်​သ​မား​အ​ရေး​လှုပ်​ရှား​သူ​များ ​ထောင်​တွင်း ​အ​စာ​ငတ်​ခံ ​ဆ​န္ဒ​ပြ

ပို့စ်တင်ချိန် - 12/16/2013 07:00:00 PM


ပေါင်း​တည်​ထောင်​မှာ  ​ထိန်း​သိမ်း​ခံ​နေ​ရ​တဲ့​  ​မိ​တ္ထီ​လာ​ပြည်​သူ့​အ​ကျိုး​ဆောင် ​ကွန်​ရက်​က ​ဒေါ်​မြင့်​မြင့်​အေး ​အ​ပါ​အ၀င် ​လယ်​သ​မား​အ​ရေး ​တက်​ကြွ​လှုပ်​ရှား​သူ​တွေ ​ထောင်​တွင်း​မှာ ​အ​စာ​ငတ်​ခံ ​ဆ​န္ဒ​ပြ​နေ​ကြ​ပါ​တယ်။

ဒေါ်​မြ​င့်​မြ​င့်​အေး​၊ ​ဝိ​မု​တ္ထိ ​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့​က ​ဒေါ်​ခင်​မိ​မိ​ခိုင်​နဲ့ ​န​တ္တ​လင်း​ပြည်​သူ့ ​အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ကို​သန့်​ဇင်​ထက်​တို့ ​သုံး​ဦး​ဟာ ​ဒီ​ဇင်​ဘာ ၁၃ ​ရက်​နေ့​က ​တည်း​က​စ​ပြီး ​အ​စာ​ငတ်​ခံ​ဆ​န္ဒ​ပြ​ကြ​တာ​ပါ။

အ​စာ​ငတ်​ခံ​ဆ​န္ဒ​ပြ​နေ​သူ​တွေ​ဟာ  ​ပဲ​ခူး​တိုင်း​၊ ​န​တ္တ​လင်း​မြို့​နယ်​ထဲ ​လယ်​သိမ်း​ခံ​တောင်​သူ​တွေ​ဘက်​က ​လိုက်​ပါ​ရပ်​တည်​ပေး​ရင်း ​ပြီး​ခဲ့​တဲ့ ​ဇွန်​လ​က​ကည်း​က ​ပေါင်း​တည်​ထောင်​ထဲ ​ဖမ်း​ဆီး​ချုပ်​နှောင်​ခံ​ထား​ရ​တာ  ၆ ​လ​ကျော်​ရှိ​နေ​ပြီ ​ဖြစ်​ပါ​တယ်။

သူ​တို့​ကို ​ပြန်​လွှတ်​ပေး​ခြင်း​မ​ရှိ​သ​လို ​စွပ်​စွဲ​ထား​တဲ့​အ​မှု​တွေ​အ​တွက်​လည်း ​အ​မိန့်​မ​ချ​ဘဲ ​ကာ​လ​ရှည်​ကြာ  ​ထိန်း​သိမ်း​ထား​တဲ့​အ​တွက်   ​ထောင်​တွင်း​ဆ​န္ဒ​ပြ​တာ​လို့ ​ဒေါ်​မြင့်​မြင့်​အေး​ရဲ့ ​မောင်​ဖြစ်​သူ ​ဦး​တိုး​လေး​က ​ပြော​ပါ​တယ်။

“​သူ​တို့​ကို ​ပုဒ်​မ ၆ ​နဲ့ ​တ​ရား​စွဲ​တာ​ကို ​ပဲ​ခူး​တိုင်း ​တ​ရား​ရုံး​ကို ​လျှောက်​လဲ​ချက်​တင်​ထား​တာ ၂၁ ​ရက်​ကြာ​တဲ့​အ​ထိ ​လျှောက်​လဲ​ချက်​က ​အ​မိန့် ​ပြန်​ချ​မ​ပေး​လို့ ​ဆ​န္ဒ​ပြ​တာ။ ၇ ​ရက်​နဲ့ ၁၀ ​ရက်​အ​တွင်း ​လျှောက်​လဲ​ချက် ​အ​မိန့် ​ပြန်​ချ​ပေး​ရ​မှာ။ ​အ​ခု ၂၁ ​ရက်​ရှိ​နေ​ပြီ၊ ​အ​မိန့်​ချ​မ​ပေး​အ​တွက် ​ဆ​န္ဒ​ပြ​တာ။”

ဒေါ်​မြင့်​မြင့်​အေး​တို့​  ​ပါဝင်​တဲ့ ​ပြည်​သူ့​အ​ကျိုး​ဆောင် ​ကွန်​ရက်​အ​ဖွဲ့​ဟာ ​တ​ရား​၀င် ​အ​ဖွဲ့​အ​စည်း ​မ​ဟုတ်​ဘူး​ဆို​ပြီး ​န​တ္တ​လင်း​ရဲ​စ​ခန်း​က ​သူ​တို့​ကို ​သင်း​ပင်း​ဥ​ပ​ဒေ ​ပုဒ်​မ  ၆/၈၈ ​နဲ့​  ​စွဲ​ချက်​တင်​အ​ရေး ​ယူ​ထား​တာ​ဖြစ်​ပြီး ​တ​ရား​ရုံး​တွေ​မှာ ​ရုံး​ချိန်း​ပေး​နေ​တာ​လည်း ​အ​ကြိမ် ၂၀ ​လောက်​ရှိ​နေ​ပြီ​ဖြစ်​ပါ​တယ်။

ပုဒ်​မ ၆ ​နဲ့ ​စွဲ​ချက်​မ​တင်​ဖို့ ​ပဲ​ခူး​တိုင်း ​အ​နောက်​ပိုင်း​ခ​ရိုင် ​တ​ရား​ရုံး​ကို ​လျှောက်​လဲ​ချက် ​တင်​ခဲ့​ပေ​မယ့်​  ​ခ​ရိုင်​တ​ရား​ရုံး​က ​ပယ်​ချ​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ပဲ​ခူး​တိုင်း​ဒေ​သ​ကြီး ​တ​ရား​ရုံး​ကို ​ထပ်​မံ ​လျှောက်​လဲ​ချက်​ပေး​တဲ့​အ​ခါ ​အ​မှု​လက်​ခံ​ထား​ပေ​မယ့် ​တ​စုံ​တ​ရာ ​အ​မိန့် ​ချ​မှတ်​တာ ​မ​ရှိ​တဲ့​အ​တွက် ​ဒီ​ပြဿ​နာ​ဖြစ်​လာ​တာ​လို့ ​အ​မှု​ကို ​ကူ​ညီ​ဆောင်​ရွက်​ပေး​နေ​တဲ့ေ​ရှ့​နေ ​ဦး​အောင်​သိန်း​က ​ပြော​ပါ​တယ်။

“​စွဲ​ချက်​တင်​တဲ့​အ​ခါ​မှာ ​ပုဒ်​မ ၆ ​နဲ့ ​စွဲ​ချက်​တာ​နဲ့ ​ပုဒ်​မ ၁၈ ​နဲ့ ​သန့်​ဇင်​ထွေး​ကို ​စွဲ​ချက်​တင်​ရ​မှာ ​မ​တင်​ထား​လို့ ​ကျ​နော်​တို့​က ​ခ​ရိုင်​တက်​တယ်။ ​ပြီး​တော့ ​ပဲ​ခူး​တိုင်း ​ဒေ​သ​ကြီး ​တ​ရား​လွှတ်​တော်​မှာ ​ခ​ရိုင်​ဆက်​တက်​တယ်။  ​ပဲ​ခူး​တိုင်း ​ဒေ​သ​ကြီး ​တ​ရား​လွှတ်​တော်​က ​အ​မှု​လက်​ခံ​တယ်။ ​လက်​ခံ​ပြီး​တော့ ​အ​ပြီး​သတ်​လျှောက်​လဲ​ချက် ​ကြား​နာ​တဲ့ ​ရက်​ကို ၂၀ ​ရက် ၁၁ ​လ​မှာ ​ချိန်း​တယ်။ ​ကျ​နော်​တို့​က ​အ​ပြီး​သတ်​လျှောက်​လဲ​ချက် ​ပေး​ပြီး​သွား​ပြီ။ ​အဲ​ဒါ​ကို ​ဒီ​နေ့​အ​ထိ ​အ​မိန့်​မ​ချ​သေး​တဲ့​အ​တွက် ​အ​မှု​သည်​တွေ​က ​ရုံး​လာ​ထွက်​ပြီး ​အ​မှု ၁ ​ပတ်​ချိန်း​က​နေ ၂ ​ပတ် ​ချိန်း​တယ်​ဗျာ။ ​အဲ​ဒီ​ဟာ​အ​ပေါ်​မှာ ​အ​မှု​ကြန့်​ကြာ​တာ​ကို ​မ​ကျေ​နပ်​တဲ့​အ​တွက် ​အ​ခု ​အဲ​ဒီ ​ပြဿ​နာ ​ပေါ်​တာ။”

ဒေါ်​မြင့်​မြင့်​အေး​တို့ ၃ ​ဦး​ဟာ ​ထောင်​တွင်း ​အ​စာ​ငတ်​ခံ​ဆ​န္ဒ​ပြ​နေ​တာ ​ဒီ​က​နေ့​ဆို ၄ ​ရက်​မြောက်​ဖြစ်​ပြီး​  ​ကျန်း​မာ​ရေး​ချွတ်​ယွင်း​လာ​တဲ့​အ​တွက်  ​ထောင်​အာ​ဏာ​ပိုင်​တွေ​က  ​ပိုက်​နဲ့ ​ဆေး​သွင်း​ဖို့ ​ကြိုး​စား​ရာ​မှာ   ​ဆ​န္ဒ​ပြ​သူ  ​တ​ယောက်​သာ  ​လက်​ခံ​ပြီး ​ကျန်​နှစ်​ယောက်​က ​လက်​မ​ခံ​ပဲ ​ငြင်း​ဆန်​ခဲ့​တယ်​လို့​  ​သ​တင်း​တွေ​ထွက်​ပေါ်​နေ​ပါ​တယ်။

ဒါ​ပေ​မယ့်​  ​အ​စာ​ငတ်​ခံ ​ဆ​န္ဒ​ပြ​နေ​သူ​တွေ​ရဲ့​  ​ထောင်​တွင်း ​အ​ခြေ​အ​နေ ​အ​တိ​အ​ကျ​ကို​တော့ ​ဒီ​ဗွီ​ဘီ​က ​သီး​ခြား ​အ​တည်​ပြု​နိုင်​ခြင်း ​မ​ရှိ​သေး​ပါ​ဘူး​။
DVB Burmese