မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တစ်ပတ်အတွင်း ယာဉ်မတော်တဆမှု ၂၀၅ မှုဖြစ်ပွားကာ ၄၂ ဦးသေဆုံးခဲ့

ပို့စ်တင်ချိန် - 12/23/2013 01:24:00 PM


ရန်ကုန် ၊ ၂၃-၁၂-၂၀၁၃

နေပြည်တော် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အတွင်း ယာဉ် မတော်တဆ ဖြစ်ပွားမှု ၂၀၅ မှု ရှိခဲ့ပြီး ၄၂ ဦး သေဆုံး ခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ယာဉ် မတော်မဆမှု ဖြစ်ပွား ခြင်းသည် ရန်ကုန်တိုင်း ဒေသကြီး၌ အများဆုံး ဖြစ်ပြီး ၅၄ ကြိမ် တွင် ၉၃ ဦး ထိခိုက် ဒဏ်ရာ ရရှိ၍ ၉ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ဒုတိယ အများဆုံးမှာ ပဲခူးတိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂၈ မှု ဖြစ်ပွားကာ ၆၄ ဦး ဒဏ်ရာ ရရှိ၍ ၄ ဦး သေဆုံးခဲ့သည်။ တတိယ အများဆုံးမှာ မန္တလေးတိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂၆ မှု ဖြစ်ပွားကာ ၅၇ ဦး ဒဏ်ရာ ရရှိ၍ ၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ယာဉ် မတော်တဆမှု ၂၀၅ မှု ၊ ဒဏ်ရာ ရရှိသူ ၄၀၅ ဦးနှင့် သေဆုံးသူ ၄၂ ဦး ရှိခဲ့ပြီး နေပြည်တော် တွင် ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂ မှု ၊ ဒဏ်ရာ ရရှိသူ ၂ ဦး နှင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း သိရှိရသည်။

Myawady News