ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း

ပို့စ်တင်ချိန် - 12/28/2013 12:26:00 PM

===================================
အလင်္ကာ
===================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက်လှူဒါန်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းသည့် အ လှူရှင်မှာ ဒေါ်လှကြည်ဖြစ်ပြီး သိမ်ဖြူလမ်း တွင်နေထိုင်သူ ဖြစ် ကြောင်း သိရသည်။

ယခုလို မြေကွက်လှူရခြင်း နဲ့ပတ်သက်၍ အလှူရှင် ဒေါ်လှ ကြည်က ''ကျွန်မ ယောက်ျားဆန္ဒ လဲပါပါတယ်။ ကျွန်မလဲ အရင်က တည်းကလှူဖို့ စဉ်းစားထားတာ ပါ ပြီးတော့ တခြားလိုအပ်တဲ့နေ ရာတွေကိုလဲ တတ်နိုင်သလောက် လှူဖြစ်မှာပါ''ဟု ပြောသည်။

နာရေးကူညီမှုအသင်း အား လှူဒါန်းလိုက်သည့်မြေကွက် ကို ရှေ့နေနှင့်တကွ လုပ်ဆောင် ၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ နာ ရေးကူညီမှုအသင်းမှ တာဝန်ရှိ သူတစ်ဦးက
''ကျွန်မတို့ အဲဒီမြေ ကွက်မှာ ဆေးပေးခန်းတွေ ဆောက်မယ်။ ပြီးရင် ပညာရေး ကျောင်းလေးတွေကို ဆောက် လုပ်လှူဒါန်းသွားမယ်။ အခုလို လှူဒါန်းတဲ့အတွက်လဲ အန်တီ ဒေါ်လှကြည်ကို ကျေးဇူးတင်ပါ တယ်''ဟု ပြောသည်။

ယင်းမြေကွက်သည် ပဲခူး တိုင်းသာယာကုန်းဒေသတွင် တည် ရှိသော မြေ ကွက် တစ်ခုဖြစ် ကြောင်းလည်းသိရကာ အဆိုပါ မြေကွက်ကို ဒီဇင်ဘာ ၂၄ ရက် တွင် လာရောက်လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်းမှ ဂုဏ်ပြု လွှာမှတ်တမ်းပြန်လည် ပေးအပ် ခဲ့ကြောင်းလည်း သိရသည်။

Yangon Media Group