ညအိပ်ရပ်နားထားသော ကားမှန်များရိုက်ခွဲခဲ့သည့် ဆိုင်ကယ်စီးလူသုံးဦးကို လုံခြုံရေးကင်မရာမှ ဖော်ထုတ်မည်

ပို့စ်တင်ချိန် - 12/28/2013 03:22:00 PM


==========================================
ခွန်စိုင်းအောင်
==========================================
မန္တလေး ၊ ဒီဇင်ဘာ ၂၇ ။ ။ မန္တလေး မြို့လယ်တွင် ညအိပ်ရပ် နားထား သည့် နောက်ဆုံးပေါ်ကားများ ၏မှန်များကို ရိုက်ခွဲသွားသည့် ဆိုင်ကယ်စီးလူငယ်များကို ဖမ်း မိနိုင်ရေးအတွက် စုံစမ်းစစ် ဆေးလျက် ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာနွယ်စဉ်ရပ် ကွက် လမ်း၄၀၊ လမ်းရဝနှင့် ၇၁ လမ်းကြားတွင် ဒီဇင်ဘာ ၂၆ ရက် နံနက် ၅နာရီက ကားမှန် များ ရိုက်ခွဲသွားကြောင်း သတင်း အရ မန္တလေးခရိုင် ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးစိန်ထွန်း၊ မဟာ အောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရီနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးရာ ဦးတင်ဝင်း ပိုင်ဆိုင်သည့် ပရာဒိုအဖြူရောင် ကား၊ နေဇော်ဝင်းပိုင်ဆိုင်သည့် ဟာရီယာအဖြူရောင်ကား၊ ဦးအောင်မျိုးမင်းပိုင်ဆိုင်သည့် IPSUM အဖြူရောင်ကား၊ ဦးကျော်ကျော်အောင်ပိုင်ဆိုင် သည့် Kluger အဖြူရောင်ကား တို့မှာ ကားမှန်များ အသီးသီး ကွဲလျက်ရှိကြောင်း တွေ့ရသည်။

အခင်းဖြစ်ရပ်အား ဆက် လက်စစ်ဆေးရာတွင် အဆိုပါ နေ့ နံနက် ၄နာရီခန့်က ဆိုင် ကယ်သုံးစီးဖြင့် လူငယ်သုံးဦးမှ လာရောက်ရိုက်ခွဲ သွားခြင်း ဖြစ်ကြောင်းနှင့် အခင်းဖြစ်ပတ် ဝန်းကျင်တွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများအား ပြန် လည်စိစစ်၍ တရားခံများအား ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်ကတည်းက ဒီလို မျိုးပဲ လမ်း၎ဝပေါ်မှာ ကားကို ညအိပ်ရပ်နားထားနေ ကျပါ။ ဒီနေ့ကျမှ ဒီလိုမျိုး ကားမှန် ရိုက်ခွဲခံလိုက်ရတာဖြစ်ပြီး ဘာ သဘောနဲ့ ဒီလိုမျိုးလုပ်သွား တယ်ဆိုတာတော့ မခန့်မှန်း တတ်ပါဘူး။ သူတို့မှန်ခွဲသွား တဲ့အချိန်ကလဲ လူတွေအိပ်မော ကျနေတဲ့အချိန်ဆိုတော့ မှန်ကွဲ တဲ့အသံကြားပြီး အိပ်ရာကနေ လန့်နိုးလာလို့ ထွက်ကြည့်တဲ့သူ တွေပြောမှ ဆိုင်ကယ်စီးလူ ငယ်တွေဆိုတာ သိရတာပါ''ဟု ကားမှန်ခွဲ ခံလိုက်ရသည့် ကားပိုင်ရှင်တစ်ဦးက ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။

မန္တလေးမြို့၌ ယခုဖြစ်ရပ် ကဲ့သို့ပင် လမ်းဘေးတွင် ညအိပ် ရပ်နားထားသည့် ကား များ မှန်ခွဲ ခံရသည့်ဖြစ်စဉ်များမှာ ယခင် ကတည်းက မကြာခဏ ဖြစ် ပေါ် လျက်ရှိကြောင်း ကားပိုင် ရှင်များထံမှ သိရသည်။

Yangon Media Group