ထိုင်ဝမ်တက္ကသိုလ်ကျောင်သူ သူမ၏ ကြောင်ဖြူလေးအား ပုလင်းအတွင်း ထည့်၍ ဖေ့စ်ဘွက်ပေါ်တင်၍ တရိစ္ဆာန်ညှင်းပမ်းမှုဖြင့် အစစ်ဆေးခံရ

ပို့စ်တင်ချိန် - 12/28/2013 12:21:00 PM




ထိုင်ဝမ်တက္ကသိုလ်ကျောင်းသူ ကီကီလင်းသည် သူမ၏ ကျောင်ဖြူလေးအား စမ်းသပ်သည့် သဘောဖြင့် ဖန်ပုလင်းထဲသို့ ထည့်၍ ဓာတ်ပုံရိုက်ကူးကာ ဖေ့စ်ဘွက်ပေါ်တင်သည့်အတွက် တရိစ္ဆာန်ညှင်းပမ်းမှု ဖြင့် အစစ်ဆေးခံနေရသည်။

ထိုင်ဝမ်နိုင်ငံ Taichung မြို့တွင် တရိစ္တာန်ကာကွယ်ရေးနှင့် ကျန်းမာရေး ထိမ်းသိမ်းစောင့်ရှောက်ရေးရုံးရှိပြီး ထိုမြို့၏ ဥပဒေအရ ကီကီလင်းသည် တရိစ္ဆာန်ညှင်းပမ်းမှု ပြစ်မှုထင်ရှားပါက အမေရိကန်ဒေါ်လာ ၂၈၀၀ ဒဏ်ကြေး ငွေပေးဆောင်ရမည်ဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရှိရသည်။

MOI Webportal Myanmar