ရခိုင်ရှိ ရပ်တော်မူနှင့် ထိုင်တော်မူဘုရားနှစ်ဆူကို ပထမဆုံးအကြိမ် ဗုဒ္ဓါဘိသေကအနေကဇာတင်မည်

ပို့စ်တင်ချိန် - 12/28/2013 12:26:00 PM

=====================================
သက်သျှိုင်းသူ
=====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ ရခိုင် ပြည်နယ်တွင်တည်ထား ကိုး ကွယ်ထား သည့် ဉာဏ်တော်အ မြင့် ၁၁ဝပေရှိ ရပ်တော်မူ 'အောင်ဆု ပန်' ဘုရားကြီးနှင့် ဉာဏ်တော်အမြင့် ၇၂ပေရှိ ထိုင်တော်မူ' မဟာကံကြီး ရှင်'ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှစ် ဆူအား ဗုဒ္ဓါဘိသေကအနေ ကဇာတင် ဗုဒ္ဓပူဇနိယပွဲတော် အား ပထမဆုံးအနေဖြင့်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘုရားကြီးနှစ်ဆူတွင် ရပ်တော်မူဘုရားကြီးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် ကျေးရွာ၌တည်ထားကာထိုင် တော်မူဘုရားကြီးမှာ ကျောက် တော်မြို့၌ တည်ထားကြောင်း နှင့် ဘုရားကြီးများ၏ ဗုဒ္ဓပူဇနိ ယပွဲတော်အား ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ရက်တို့တွင် ရခိုင် ပြည်နယ်ရှိ အဆိုပါဘုရားကြီး များ စံပယ်ရာနေရာ၌ပင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရ သည်။

''ဒီဇင်ဘာ၂၈ရက် မနက် ရနာရီမှာ ရပ်တော်မူ 'အောင် ဆုပန်ဘုရားကြီး'မှာ ရှင်သာမဏေအပါး၁ဝဝပြုပွဲနဲ့မနက်၁ဝနာရီမှာဗုဒ္ဓါဘိသေကအ နေကဇာတင်ပွဲကို ကျင်းပမှာ ပါ။ ဒီဇင်ဘာ၂၉ ရက် မနက် ၁ဝနာရီမှာ ထိုင်တော်မူ 'မဟာ ကံကြီးရှင်'ဗုဒ္ဓရုပ်ပွားတော်မြတ် မှာ ဗုဒ္ဓါဘိသေကအနေကဇာ တင်ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို စည် ကားသိုက်မြိုက်စွာ ပြုလုပ်သွား မှာပါ''ဟု

အဆိုပါရပ်တော်မူ 'အောင်ဆုပန်ဘုရားကြီး'နှင့် ထိုင်တော်မူ'မဟာကံကြီးရှင်' ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဦးဆောင်တည်ထားသူအဓိဋ္ဌာန် ဗုဒ္ဓသာသနာပြုအဖွဲ့မှ တာဝန် ရှိသူ လက်ထောက်ဆရာတော် က မိန့်ကြားသည်။

အဆိုပါဘုရားကြီးများ အား ကမ္ဘာ့သာသနာပြု မဟာ ဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတမှဦးဆောင် ၍ တည် ထားခြင်းဖြစ်ကြောင်း နှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ရခိုင်ရိုးရာကျင်ပြိုင်ပွဲများ၊ ချော တိုင်တက်ပွဲနှင့် စင်တင်တေး ဂီတဖျော်ဖြေပွဲများကိုလည်း ဒီဇင်ဘာ ၂ရရက်မှ၂၉ရက်အ ထိ စည်ကား သိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

''ဗုဒ္ဓါဘိသေကအနေက ဇာတင်ဗုဒ္ဓပူဇနိယပွဲတော် မှာ ဖျော်ဖြေရေး အစီအစဉ်တွေ၊ ရခိုင်ရိုးရာအားကစားပြိုင်ပွဲတွေ ကိုလဲ ထည့်သွင်းကျင်းပသွား မှာဖြစ်ပြီး ပြိုင်ပွဲမှာဆုရရှိတဲ့သူ တွေကိုလဲ ထိုက်ထိုက်တန်တန် ဆုချီးမြှင့် သွားပါမယ်။ လာသမျှ ဧည့်ပရိသတ်တွေကိုလဲ စတုဒိ သာအဖြစ် ထမင်းနှင့် ဟင်းကို ကျွေးမွေးသွားမယ်။ ဗုဒ္ဓပူဇနိ ယပွဲတော်ကို နောက်နှစ်တွေ မှာလဲ ကျင်းပသွားပါမယ်''ဟု လက်ထောက်ဆရာတော်ကြီး က ဆက်လက် မိန့်ကြားခဲ့သည်။

Yangon Media Group