ကမ္ဘာ့ကလပ်ချန်ပီယံဆီမီးပွဲအပြီး ပြိုင်ဘက် အသင်းသားတွေ ရော်နယ်လ်ဒင်ဟိုကို ၀ိုင်းထားခဲ့တာ ဘာကြောင့်များလဲ

ပို့စ်တင်ချိန် - 12/19/2013 01:59:00 PM



ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်

မနေ့ညက ကစားသွားခဲ့တဲ့ ၂၀၁၃ ကမ္ဘာ့ကလပ်ချန်ပီယံဆီမီးဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုကလပ် ကပ်ဆာဘန် ကာ က ဘရာဇီးလ်ချန်ပီယံ အသလက်တီကိုမင်နဲရိုးအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကိုတက်ရောက်သွား ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ မင်နဲရိုးအသင်းသား ရော်နယ်လ်ဒင်ဟိုဟာ (၂၅)ကိုက်အကွာကနေ လှပလွန်းတဲ့ ဖရီးကစ် ဂိုးတစ်ဂိုးသွင်းယူပြခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ မော်ရိုကိုကလပ်ကို အရှုံးပေးခဲ့ရပါတယ်။ ပွဲသိမ်းခရာမှုတ်ပြီး သွားလို့ အ၀တ်လဲခန်းအတွင်း ပြန်ဝင်ဖို့ပြင်နေခဲ့တဲ့ ရော်နယ်လ်ဒင်ဟိုအနားကို ကပ်ဆာဘလန်ကာအသင်းသား တွေ ရုတ်တရတ်ဝိုင်းလာခဲ့ကာ သူ့ရဲ့ဘောကန်ဖိနပ်ကို လက်ဆောင်အဖြစ်ပေးဖို့ ၀ိုင်းဝန်းတောင်းဆိုကြတော့တာ ပါပဲ။ ဘရာဇီးလ်ကွင်းလယ်ဖန်တီးရှင် ရော်နယ်လ်ဒင်ဟိုရဲ့ ခြေစွမ်းကို လေးစားအားကျလွန်းကြတဲ့ ကပ်ဆာဘ လန်ကာအသင်းသားများဟာ အမှတ်တရအဖြစ် အခုလိုတောင်းဆိုခဲ့ခြင်းကြောင်း အသင်းအနိုင်မရခဲ့လို့ စိတ် ညစ်နေခဲ့တဲ့ သူ့အတွက် ပျော်ရွှင်ဂုဏ်ယူစရာလည်းဖြစ်သွားခဲ့စေပါတယ်။

ဗိုလ်လုပွဲဆီကို တက်ရောက်သွားခဲ့တဲ့ မော်ရိုကိုကလပ်အသင်းအနေနဲ့ တရုတ်ကလပ်ဂွမ်ဇူးကို (၃)ဂိုးပြတ်အနိုင် ကစားကာ စောင့်ဆိုင်းနေတဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ၊ ဥရောပချန်ပီယံလိဂ် သရဖူပိုင်ရှင် ဘိုင်ယန်မြူးနစ် နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာ့အဆင့်ဗိုလ်လုပွဲမျိုးဆီကို ပထမဆုံးတက်ရောက်လာခဲ့ကြတဲ့ ကပ်ဆာ ဘလန်ကာအသင်းသားများဟာ ပွဲအပြီးမှာတော့ မြင်တွေ့ရတဲ့အတိုင်း အပျော်လွန်နေကြတော့တာပါပဲ။

Trend Myanmar