မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ မြင့်တက်

ပို့စ်တင်ချိန် - 12/09/2013 04:55:00 PM


မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7day Daily

မန္တလေးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက် ယမန်နှစ်ကထက် မြင့်တက်လာကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မျှုပါင်း ၃၆၅ မှု ဖြစ်ပွားခဲ့ပြီး ၄၅၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၇၆ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၂ ခုနှစ် ၁၁ လတာ ကာလအတွင်းနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမှာ လျော့ကျခဲ့သော်လည်း သေဆုံးသူအရေအတွက်မှာမူ တိုးလာသည်ကို တွေ့ရသည်။

ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုကြောင့် အများဆုံးသေဆုံးရခြင်းဖြစ်ပြီး ညနေ  ၆ နာရီနှင့် ည ၁၂  နာရီကြား ညပိုင်းအချိန်များတွင် မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
7 Day Daily