ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးရာတွင်အမှန်တရားကို ဖော် ထုတ်ခြင်းနှင့် ပြန်လည် သင့်မြတ်ရေးကော်မတီတစ်ရပ် ပါဝင်မှ သာ အောင်မြင်နိုင်မည်

ပို့စ်တင်ချိန် - 12/19/2013 04:31:00 PM



ငြိမ်းချမ်းရေး လက်မှတ် များရေးထိုးခြင်းတွင် အမှန်တရား ကိုဖော်ထုတ်ခြင်းနှင့် ပြန်လည် သင့်မြတ်ရေးကော်မတီတစ်ရပ် ပါဝင်မှသာ ငြိမ်းချမ်းရေးသဘော တူစာချုပ်များ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ လူ့အ ခွင့်အရေး နှင့် ငြိမ်းချမ်းရေးတည် ဆောက်ခြင်း သုတေသနပညာရှင် Dr. Kjell Ake Nordqust က ဒီဇင်ဘာ ၁ရရက်ကအင်းလျား လိတ်ဟိုတယ်၌ပြုလုပ်သည့်''ပဋိ ပက္ခဖြေရှင်းခြင်းနှင့် ဒီမိုကရေစီ နည်းကျ ငြိမ်းချမ်းရေးတည်ဆောက် ခြင်းဆိုင်ရာ ဆွေးနွေးပွဲ''တွင် ပြော ကြားခဲ့သည်။

ယင်းက''ငြိမ်းချမ်းရေးသ ဘောတူစာချုပ်တွေကို အကောင် အထည်ဖော်ရာမှာ အမှန်တရား ဖော်ထုတ်ရေးနဲ့ ပြန်လည်သင့် မြတ်ရေးကော်မတီတွေမပါဘဲ တကယ့်ငြိမ်းချမ်း ရေးစာချုပ်ချုပ် ဆိုနိုင်တယ်လို့မရှိဘူး''ဟု ပြော သည်။ ကမ္ဘာ တစ်လွှား တွင် အမှန် တရားကိုဖော်ထုတ်ခြင်းနှင့် ပြန် လည်သင့် မြတ်ရေးကော်မတီပေါင်း ၃ဝကျော်ရှိပြီး ပြစ်မှုကျူးလွန်သူ များမှ မှားကြောင်းဝန်ခံပြီး အမှန် တရားကို ဖော်ထုတ်ကြကြောင်း၊ ယင်းသို့ဖော်ထုတ်ရာတွင် တောင် အာဖရိကမှ အမှန် တရားဖော် ထုတ်ခြင်းနှင့် ပြန်လည်သင့်မြတ် ရေးကော်မတီသည် ဖွင့်ဟဝန်ခံ သူများအား ပြစ်မှုမှကင်းလွတ်ခွင့် ပေးရန် ဆုံးဖြတ်ချက်ချထားပြီး တခြားနိုင်ငံများတွင် ယင်းသို့ဆုံး ဖြတ်ချက်မရှိကြောင်း သိရသည်။

နိုင်ငံရေးသမားများအနေ ဖြင့် ပြန်လည်သင့်မြတ်ရေးဆို သည့်စကားလုံးအား မကြာခဏ သုံးစွဲကြသော်လည်း ယင်းစကား လုံးသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြု၊ မပြုမေးခွန်း ထုတ်ခဲ့သည်။ ယင်းက ပြန်လည်သင့်မြတ် ရေးဆို သည်မှာ ပဋိပက္ခကိုဖြေရှင်း နည်းမဟုတ်ဘဲ ပဋိပက္ခဖြစ်ပွား သည့်အကြောင်းအရင်းကို အဖြေ ရှာခြင်းသာဖြစ်ကြောင်း၊ ပြန်လည် သင့်မြတ်ရေးသည် ခွင့်လွှတ်ခြင်း မဟုတ်ဘဲ၊ ပဋိပက္ခဖြစ်ပွားခဲ့သည့် နှစ်ဦးကြား ပြဿနာဖြစ်ခဲ့ခြင်း ကို အသိ အမှတ်ပြု ဖြေရှင်းခြင်း ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူ ညီချက်ဆောင်ရွက်ရာတွင် အဆင့်(၆)ဆင့်ရှိကြောင်း''အပစ်အ ခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲ ပြီးနောက် အလွတ်သဘောဆွေး နွေးခြင်း၊ ကနဦးသဘောတူညီ ချက်၊ မူဘောင်သဘောတူညီချက်၊ comprehensive agreement နှင့် အကောင်အထည်ဖော်ဆောင် ရွက်ခြင်းအဆင့်တို့ဖြစ်ပြီး အပစ် အခတ်ရပ်စဲရေးနှင့် လက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်ခြင်းအဆင့်တို့သည် အခက် ခဲဆုံးအဆင့်များဖြစ်ကြောင်း ယင်း ကဆက် လက်ပြော ကြားခဲ့သည်။

ပဋိပက္ခဖြေရှင်းခြင်းနှင့် ဒီမို ကရေစီနည်းကျ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ ဆွေး နွေးပွဲကို ကနေဒါအခြေစိုက် Council for Democracy in Burma (CDB)နှင့် ချင်းမိုင်အခြေ စိုက်Burma Center for Ethnic Studies (BCES) အဖွဲ့တို့မှ ပူး ပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရည်မွန် ၊ ဟေမန်