ပြုပြင်ပြောင်းလဲရေးနဲ့ ယနေ့ ကုန်ဈေးနှုန်း

ပို့စ်တင်ချိန် - 12/30/2013 11:49:00 AM

 ယနေ့ ကုန်ဈေးနှုန်း ပြ ပြန်ကြားရေး ဝန်ကြီးဌာန ဖော်ပြချက်ဇယား

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတယ်လို့ အများက ပြောဆိုပေမယ့် ကုန်ဈေးနှုန်းတွေက တက်လာတာကြောင့် သာမန် ဆင်းရဲသူ ဆင်းရဲသားတွေကတော့
ပြုပြင်ပြောင်းလဲရေးရဲ့ အသီးအပွင့်ကို ဘာကိုမျှ မခံစားရသေးပါဘူးလို့ စုံစမ်း သိရပါတယ်။

နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာချိန် မြေဈေး၊ ရုံးခန်းနဲ့ အိမ်ခန်းငှားဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေး စာရိတ်တွေ ကြီးမြင့်လာသလို နေ့စဉ် ကုန်ဈေးနှုန်းကလည်း တရိပ်ရိပ်မြင့်တက်လာနေပါတယ်။

ဒီကနေ့ ကုန်ဈေးနှုန်းတွေကိုတော့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားချက်တွေအရ ၈၀ ရာခိုင်နှုန်း ကျော် ရှိတဲ့ မြန်မာနိုင်ငံက ဆင်းရဲသားတွေအတွက် အတော်အခက်တွေ့စေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကုန်ဈေးနှုန်းဟာ အတက်သာ ရှိပြီး အကျမရှိတဲ့ ထူးဆန်းတဲ့ စနစ်မျိုးနဲ့ သွားနေတာ ဆယ်စု နှစ် တွေနဲ့ ချီလာပါပြီ။

သာမန်နိုင်ငံသားတွေအတွက် ပြုပြင်ပြောင်းလဲရေးရဲ့ အသီးအပွင့်တွေထဲက အခြေခံ အကျဆုံး ကုန်ဈေးနှုန်းကျဆင်းမှုနဲ့ ဝင်ငွေ မျှတဖို့ကတော့ အခုထိ အိပ်မက်ပင် မမက်နိုင်သေးတာ ဘာကြောင့်ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း