ထားဝယ်အထူး စီးပွားရေး ဇုန်လုပ်ငန်း အားလုံး တစ်ပြိုင်နက် အကောင်အထည် မဖော်နိုင်

ပို့စ်တင်ချိန် - 12/31/2013 04:03:00 PM


ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ကြီးမားကျယ်ပြန့် သော စီမံကိန်းဖြစ်သည့်အတွက် စီမံကိန်းကြီးတစ်ခုလုံးကို တစ်ပြိုင် နက်တည်း လုပ်ဆောင်မရသော ကြောင့် ကနဦးစီမံကိန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်ကပြော သည်။

““ထားဝယ်အထူးစီးပွားရေးဇုန် ကနေ ယိုးဒယား-မြန်မာနယ်စပ် အထိ နှစ်လမ်းသွားလမ်းပါမယ်။ နောက်ပြီးဆိပ်ကမ်းငယ်၊ဆိပ်ကမ်း ကြီးတွေက ဆိပ်ကမ်းတစ်ခုတည်း ကိုပဲ သန်းထောင်ချီကုန်မှာဖြစ်တဲ့ အတွက် ပထမဦးဆုံးစီးပွားရေး ဇုန်ကြီးကို အကောင်အထည်ဖော် တဲ့အခါမှာကား လမ်းနဲ့သင်္ဘော ဆိပ်ကအရေးပါတဲ့အတွကsmall port ဆိုပြီး ဆိပ်ကမ်းငယ်ကို တန် ချိန် (၁၃၀၀၀၊ ၂၀၀၀၀)ရေယာဉ် တွေ ဆိုက်ကပ်နိုင်မယ့် စီမံကိန်း တွေပါမယ်။နောက် ကနဦးစက်မှု ဇုန်မှာ ကြီးမားတဲ့သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ ဒါတွေ မလုပ်နိုင်ခင်မှာ အလတ်စား၊ အသေးစားစက်ရုံတွေ အလုပ် သမားများ အသုံးပြုလို့ရတဲ့စက်ရုံ တွေပါဝင်မှာဖြစ်ပါတယ်””ဟု  ဒုဝန်ကြီးကပြောသည်။

အဆိုပါစီမံကိန်းဆောင်ရွက် ရန်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်မည်ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံ ကိန်း၊အလုပ်သမားများနှင့်မိသားစု များနေထိုင်ရန် လူနေအဆောက် အအုံများနှင့် မြို့ပြစီမံကိန်း၊ ရေ ပေးဝေရေးစီမံကိန်းများနှင့် ဆက် သွယ်ရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေး စီမံကိန်းများမှာ လည်း ကနဦး စီမံကိန်းတွင် ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

ယဉ်ပပထွန်း
Hot News Journal