ဒေါ်အောင်ဆန်းစုကြည် လာမယ့်လဆန်း ချင်းပြည်နယ်သွားမယ်

ပို့စ်တင်ချိန် - 12/27/2013 01:35:00 PM


ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ မူလ စီစဉ်ထားတဲ့ ချင်းပြည်နယ် ခရီးစဉ် ကို ခြေထောက်ခွဲစိပ်မှု အောင်မြင်တဲ့အတွက် သွားရောက်မှာ ဖြစ်တယ်လို့ မိသားစု ဆရာဝန်က ကြေညာ ချက်  ထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး မိသားစု ဆရာဝန်ကြီးမှ သတင်းထုတ်ပြန်ချက်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား မိသားစုဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်း (ခွဲစိတ်) ဦးဆောင်သော ဆရာဝန်များအဖွဲ့မှ ၂၆.၁၂.၁၃ နေ့တွင် ခြေထောက်ခွဲစိတ်ခဲ့ရာ အနာ ချုပ်ရိုးဖြေရာတွင် အနာမှာကျက်နေပြီး ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီး နာကျင်မှု မရှိတော့သဖြင့် ခွဲစိတ်မှု ရာနုန်းပြည့်အောင်မြင်ပါသည်။

မိသားစု ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းမှ အဖွဲချုပ်ဥက္ကဋ္ဌ အား လုပ်ငန်းတာဝန်များ ပြန်လည် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုပါသည်။

သို့ပါသဖြင့် အဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ သွားရောက်ရန် မူလစီစဉ် ထားသည်အတိုင်း (၆.၁.၂၀၁၄)တွင်သွားရောက် မည်ဖြစ်ကြောင်း မိသားစုဆရာဝန်ကြီးမှ အတည်ပြုပြော
ကြားပါသည်။


အမျိုးသားကျန်းမာရေးကွန်ရက် (NHN)
အမျိုးသားဒီမိုကရေစီအဖွဲချုပ်

အိမ့်သံစဉ် ~
ဧရာဝတီ သတင်း