အိမ်ခြံမြေ ရုံးခန်း ငှားရမ်းခနှုန်းများ မြင့်တက်

ပို့စ်တင်ချိန် - 12/18/2013 08:15:00 AM


ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေနဲ့ ရုံးခန်း ငှားရမ်းခတွေ ၅၀ ရာခိုင်နှုန်းကနေ ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း စနစ်တကျ စစ်တမ်း ကောက်ယူထားပြီး မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်လှစ်တော့မယ့် ဟောင်ကောင်အခြေစိုက် Savills အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ က ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန် ပတ်စ်ရွိုင်းရယ်ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာပြည်ကုမ္ပဏီ ရုံးခွဲဖွင့်ပွဲ အခမ်းအနားမှာ တာဝန်ရှိသူတဦးက ခုလို ပြောဆိုလိုက်တာပါ။

၁ နှစ်အတွင်း ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ ရုံးခန်းငှားခ ၈၀ ရာခိုင်နှုန်း၊ ကြယ် ၅ ပွင့် ဟိုတယ်အခန်းငှားခ ၇၀ ရာခိုင်နှုန်း၊ အသင့်နေ တိုက်ခန်းငှားခ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Savills အိမ်ခြံမြေ ၀န်ဆောင်မှုကုမ္ပဏီဟာ အမေရိကန်၊ ဥရောပ၊ အာရှနဲ့ အာဖရိကတိုက် တွေမှာ ရုံးခန်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။
DVB Burmese