ဗြိတိန်ရှိ ခေတ်သစ်စုံတွဲများ၌ နှစ်ကိုယ်တူ ချစ်ကြည်နူးမှုနှုန်း သိသာစွာ ကျဆင်း လာစေသည့် အချက်များ

ပို့စ်တင်ချိန် - 12/10/2013 06:49:00 PM


ဗြိတိန်နိုင်ငံအမျိုးသား ကျန်းမာရေးနှင့် ဘ၀နေထိုင်မှုပုံစံလေ့လာရေးဌာနမှတွေ့ရှိချက်အရ ဗြိတိန်ပြည်သူများ လိင်ကိစ္စ၌ စိတ်ဝင်စားမှုမှာလွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကထက် သိသာစွာနည်းလာကြောင်း ထောက်ပြခဲ့သည်။

အသက် ၁၆ မှ ၄၄ ကြားအရွယ်ရောက်ပြီးသူများအား လေ့လာခဲ့ရာ ပျှမ်းမျှအားဖြင့် တစ်လလျှင် ငါးကြိမ်မှ ခြောက်ကြိမ်ခန့်ထိသာ လိင်ဆက်ဆံလေ့ရှိပြီး ၁၉၉၀ -၁၉၉၁ မှ စစ်တမ်းများနှင့် ၁၉၉၉-၂၀၀၁ မှ စစ်တမ်းများထက်  သိသာ စွာနည်းလာကြောင်း တွေ့ရသည်။

နာမည်ကျော် Lancet  ဆေးပညာဂျာနယ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Dr. Cath Mercer  က ယင်းကဲ့သို့ ဖြစ်လာရခြင်းမှာ လူများက ပိုက်ဆံနှင့်အလုပ်အပေါ် စိုးရိမ်ပူပန်မှုများ ပိုများလာသောကြောင့် ဖြစ်သည်ဟု တင်ပြခဲ့သည်။

ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကလည်း ခေတ်သစ် စုံတွဲများအား နှစ်ကိုယ်ရည်ချစ် ကြည်နူးမှုမှ အာရုံပျက်စေသည်ဟု ဆိုခဲ့သည်။

ယမန်နှစ်က လေ့လာမှု စစ်တမ်းများအရ စစ်တမ်း၌ ပါဝင်သူ ၅၄%ခန့်မှာ နှစ်ကိုယ်တူချစ်ကြည် နူးရန်ထက် အစားအသောက်ကိုသာ ပိုမိုစိတ်ဝင်စားနေကြောင်း တွေ့ ရသည်။

အပိန်လေး
ref:Netdoctor.co.uk
Health Updates Journal No. 95