မြန်မာ နှင့် ဂျပန် ဗီဇာ ကင်းလွတ်ခွင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရန်စီစဉ်

ပို့စ်တင်ချိန် - 12/19/2013 05:00:00 PM


=====================================
သန်းနိုင်ဦး
=====================================
ရန်ကုန်။ ။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာမလိုဘဲ သွားလာနိုင်ရန် အတွက် နှစ် နိုင်ငံအစိုးရအဖွဲ့တို့အကြား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံ သံတမန်များနှင့် အဆင့်မြင့်အရာရှိများအနေ ဖြင့် သွားလာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတိုင်း သွားလာနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေစာချုပ်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဂျပန်နိုင်ငံနဲ့ နှစ် နိုင်ငံလက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် အတွက် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဗီဇာကင်းလွတ်ခွင့်ရရှိရန် အတွက် နှစ်နိုင် ငံလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့်ရရှိပါက ပြည်တွင်းသို့ ရင်းနှီးမြှုပ် နှံမှု များအပြင် ခရီးသွားလုပ်ငန်းများပါ တိုးတက်လာနိုင်ကြောင်း ပြည် တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်ပြောသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်ဦးအောင်ဟိန်း က ''လက်ရှိမှာ ဂျပန်ကတော့ မြန်မာနိုင်ငံကို အလွန်စိတ်ဝင်စား တယ်။ မြန်မာနိုင်ငံမှာ သူတို့အတွက် စီးပွားရေးလုပ်ကိုင်ဖို့အကွက် အကွင်းတွေ ရှိနေတယ်လို့လဲယုံကြည်တယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုနဲ့ လူ မျိုးချင်းနီးစပ် မှုတွေကြောင့် မြန်မာပြည် ကိုလာချင်ကြတယ်။ နှစ်နိုင်ငံဗီ ဇာကင်းလွတ်ခွင့်ပေးမယ်ဆိုရင်တော့ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံ မှုတွေတိုးလာနိုင်တယ်''ဟု သုံးသပ်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ဗီဇာအမျိုးအစားလေးမျိုးရှိပြီး နိုင်ငံ ပေါင်း ၅၁နိုင်ငံ ကို သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီပါက ဆိုက် ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

Yangon Media Group