ပုဒ်မ(၁၈)ကို ပယ်ဖျက်မည်

ပို့စ်တင်ချိန် - 12/28/2013 03:48:00 PM



ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေကိုပြင်ဆင်ထားသည့် ဥပဒေ ကြမ်းတွင် ပုဒ်မ၁၈ကို ပယ်ဖျက် ထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် နေသည့် အဆိုပါပုဒ်မအပြင် မူလဥပဒေပါ ပြဋ္ဌာန်းချက်တချို့ ကိုလည်း ပြင်ဆင်ထားကြောင်း ဒီဇင်ဘာ ၁၃ရက်ထုတ် နိုင်ငံ တော်ပြန်တမ်း၏ ဖော်ပြချက် အရ သိရသည်။

ယင်းပြန်တမ်းတွင် ပြင် ဆင်သည့် ဥပဒေကြမ်း၌ မူလ ဥပဒေပါ အခန်း(၇) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းမှ ပုဒ်မ၁၈ကို ဖြုတ်ထားပြီး ဥပဒေပါခွင့်ပြုမိန့် ဆိုသည့် စာသားများနေရာတွင် အကြောင်းကြားစာ၊ အကြောင်း ပြန်ကြားစာ စသည့် စကားလုံး များဖြင့် အစားထိုးထားတာကာ အခန်း(၄) ခွင့်ပြုမိန့်ထုတ်ပေး ခြင်းနှင့် ငြင်းပယ်ခြင်းစာသား နေရာတွင် အကြောင်းကြားစာ အား ကူညီဆောင်ရွက်ခြင်းဟူ ၍ ပြင်ဆင်ထားသည်ကို တွေ့ ရသည်။

အခန်း(၄)ပုဒ်၅ကို ပြင်ဆင် ထားချက်အရဆိုပါက သက် ဆိုင်ရာ  မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက် ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ၏အကူအညီဖြင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေး(သို့) ပြည်သူ့အကျိုးငှာပြ ဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်စေရန် အကြောင်း ကြားစာပေးပို့သူနှင့် ညှိနှိုင်းဆွေး နွေး ပူးပေါင်းဆောင်ရွက်ပေး ရမည်ဟုပါရှိသဖြင့် ယင်းပုဒ်မ ပြင်ဆင်ချက်အရ ယခင်ကဲ့ သို့ ခွင့်ပြုမိန့် လျှောက်ထားခြင်းကို ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ် ခြင်းပြုနိုင်သည်ဆိုသည့် စာသား ကို ပယ်ဖျက်ထားသည်ကိုတွေ့ ရပြီး ယခင်နိုင်ငံရေးအင်အားစု များနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ တောင်းဆိုထား သည့် အချက် အများစု ကို ပြင် ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။

သို့ရာတွင် ထိုသို့နိုင်ငံ တော်ပြန်တမ်းပါ ငြိမ်းစုစီဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း တွင်ပြင်ဆင်ထားသည့် အချက် များနှင့်ပတ်သက်၍ ပုဒ်မ-၁၈ ကိုဖျက်သိမ်းပေးထားမှုမှာ အ ပြုသဘောဆောင်သော်လည်း တချို့ပြင်ဆင်ချက်များမှာ စကားလုံး အရ ပြင်ဆင်မှုများသာဖြစ် ကာ ဥပဒေ၏ အနှစ်သာရ ပြောင်းလဲမှုကိုမူ မတွေ့ရသေး ကြောင်း၊ လွှတ်တော်၏ဆုံးဖြတ် မှုအခြေအနေကို စောင့်ကြည့် ရန်လိုအပ်နေသေးကြောင်း ပုဒ်မ -၁၈ဖျက်သိမ်းရေး လှုပ်ရှားနေ သူများနှင့် အဖွဲ့ အစည်း အသီး သီးမှ ပြောကြားကြသည်။

လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေးကော် မတီဝင် ဦးရဲအောင်က ''ဒါကို ကျွန်တော် သေချာတော့ မသိ ဘူး။ ဒါပေမဲ့ ဒီပြင်ထားတဲ့ဟာ မှာ ပြန်လှည့်ထားတာရှိတယ်။ ဘာလဲဆိုတော့ ခွင့်ပြုမိန့်ဆိုတဲ့ နေရာမှာ အကြောင်းကြားစာ ဆိုပြီး စကားလုံး နဲ့ပြန်လှည့်ထား တာဖြစ်တယ်။ ပြီးတော့ အ ကြောင်းကြားစာကို လက်ခံပြီး ရင် ပြန်ပြီးအကြောင်းကြားစာ ကို စောင့်ရဦးမယ်။ ကျွန်တော် တို့လိုချင်တာက နိုင်ငံတကာမှာ လဲ ရှိပြီးသားပါ။ အကြောင်း ကြားရမယ် ဆိုတာ ကို လက်ခံ တယ်။ ဒါပေမဲ့ ခွင့်ပြုမိန့်(အ ကြောင်းကြားစာ)ကို ပြန်စောင့် ရမယ်ဆိုတာကို လိုချင်တာမ ဟုတ်ဘူး။ ဒါဟာ စကားရပ်နဲ့ပဲ လှည့်ထားတာဖြစ်တယ်''ဟု သုံးသပ်ပြောသည်။

ပုဒ်မ-၁၈ကို ဖြုတ်ထားပြီး ၁၈နှင့် အရေးမယူသော်လည်း ခွင့်ပြုခြင်းမရှိဘဲ လုပ်မည်ဆို ပါက တခြားပြစ်ဒဏ်များဖြင့် အရေးယူမည်ဆိုသည့် သဘော ဖြစ်နေကြောင်း အမှန်တကယ် ဖြစ်သင့်သည်မှာ ဥပဒေတစ်ခု ပြဋ္ဌာန်းမည်ဆိုပါက အခြေခံ ဥပဒေ တွင် ပါသည့် အချက်များ နှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရှုစစ် ဆေးရမည်ဖြစ်ကာ အခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ဆန်းစစ် သင့်ကြောင်း၊ ယခုအခြေအနေ သည် ခုံရုံးကိုမေ့ထားသကဲ့သို့ ဖြစ်နေကြောင်း၊ ငြိမ်းစုစီဆိုသည် မှာ နိုင်ငံတကာတွင် ရှိပြီး သား ဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း ရှိသင့်သည့် ဥပဒေတစ်ခုဖြစ် ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီ စနစ်၌ လူတစ်ဦးစီ၏အခွင့်အ ရေးကို ကူညီစောင့်ရှောက်ပေး ကာ တခြားတစ်ဖက်တွင် ပြည် သူများ၏လွတ်လပ်ခွင့်ကို ကာ ကွယ် စောင့် ရှောက် ပေးသည့် ဥပဒေမျိုးဖြစ်သင့်သည်ဟု ယင်း က ဆက်လက်ပြောသည်။

ပုဒ်မ-၁၈ဖြင့် ဖမ်းဆီးခံခဲ့ ရပြီး ဒီဇင်ဘာ၁၁ရက်တွင် ပြန် လည်လွတ်မြောက်လာခဲ့သည့် ဦးဒီငြိမ်းလင်းက ''အခုလို ပုဒ်မ -၁၈ကိုဖြုတ်ထားတာ ပြင်ဆင် ချက်အချို့ကို ပြင်ဆင်ပေးထား တာက အပြုသဘောဆောင် ပေမယ့် ဘယ်လို ပုံစံနဲ့ပြင် ဆင် ထားတယ်ဆိုတာလဲ မသိသေး ဘူး။ လွှတ်တော်မှာ ဒါကိုဆွေး နွေးဖို့ရှိတယ်ဆိုတာလဲ သိထား ရတဲ့အတွက် စောင့်ကြည့်ရဦး မယ်။ စာသားအရ ပြောင်းလဲ ထားပေမယ့် အနှစ်သာရအ ပြောင်းအလဲက ဘယ်လိုရှိလာ မလဲ လွှတ်တော် မှာဆွေး နွေး တဲ့အခါ အပြင်မှာလဲ အားလုံး က ဒါကို ပြင်းပြင်းထန်ထန်ကန့် ကွက်နေကြတယ်ဆိုတာလဲ သိ ပြီးသားဖြစ်တဲ့အတွက် ပြည်သူ့ အသံ၊ ဆန္ဒ ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ ကြည့်ပြီး မှ လက်တွေ့လက်ခံ ရပါလိမ့် မယ်''ဟု ဆက်သွယ် မေးမြန်း မှုကို ဖြေကြားသည်။

ပြင်ဆင်သည့်ဥပဒေကြမ်း ပါ ပြင်ဆင်ထားသည့်အချက် များမှာ စကားအားဖြင့် ပျော့ ပျောင်းလာသော်လည်း ဥပဒေ အရ တင်းမာလျက်ရှိပြီး ခွင့်ပြု မိန့်တောင်းခံခြင်းကို လုပ်မြဲအ တိုင်း တောင်းခံရမည်ဖြစ်ခြင်း ပုဒ်မ-၁၉ကို ပြင်ဆင်ခြင်းမရှိ သည့် အတွက် ယင်းပုဒ်မပါပြစ် ဒဏ်များအတိုင်း ချမှတ်ခံရမည် ဖြစ်ခြင်းတို့ကြောင့် ပြင်ဆင်ချက် တချို့ရှိလာသော်လည်း ယင်း တို့မှာမလုံလောက်ဘဲ ဥပဒေ တစ်ခုလုံးကို ဖျက်သိမ်းသင့် ကြောင်း ရှေ့နေများကွန်ရက် အဖွဲ့ဝင် တရားလွှတ် တော်ရှေ့  နေ ဦးကြီးမြင့်က ပြောသည်။

ကောင်းမြတ်ကျော်၊ ရွှေရည်မဉ္ဇူ

Yangon Media Group