မသန်စွမ်းအားကစားပြိုင်ပွဲတွင် အနိမ့်ဆုံး ရွှေ ၇ဝရရန် မျှော်မှန်းထား

ပို့စ်တင်ချိန် - 12/28/2013 05:13:00 PM


========================================
ညီသစ်လူ
========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇။ ။ မသန်စွမ်းအားကစား ပြိုင်ပွဲ ခုနစ်ကြိမ်မြောက်ပါရာဂိမ်းတွင် မြန်မာမ သန်စွမ်းအားကစားသမားများ အနိမ့်ဆုံးရွှေ ရဝရရှိရန်မျှော်မှန်းထားကြောင်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့်က ပြောသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့် က ''ပြီးခဲ့တဲ့ပါရာဂိမ်းမှာ ရွှေတံဆိပ် ၁၁ခုရရှိခဲ့ ပါတယ်။ အိမ်ရှင်အဖြစ် ဆောင်ရွက်ရတဲ့အခါ အားကစားနည်း ၁၂မျိုးစလုံးဝင်ပြိုင်ရတယ်။ကျွမ်းကျင်တဲ့အားကစားနည်းက ခြောက်မျိုးပါ။ ရွှေ တံဆိပ် (၇၀- ၁၀၀)ရရှိနိုင်ဖို့ မျှော်မှန်းထားပါ တယ်။ ရွှေရဖို့မျှော်မှန်းထားတဲ့ အားကစား နည်းတွေက ပြေးခုန်ပစ်၊ ရေကူးနဲ့ မျက်မမြင် စစ်တုရင် စတဲ့အားကစားနည်းတွေပါ''ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် မသန်စွမ်းအားကစားပြိုင်ပွဲ(ပါရာဂိမ်း)တွင် အားကစားနည်း ၁၂မျိုးကျင်းပမည်ဖြစ်ပြီး ယင်း ၁၂မျိုးမှာ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ ခုနစ်ယောက်တစ်သင်းဘောလုံးပြိုင်ပွဲ၊ ငါး ယောက်တစ်သင်းဘောလုံးပြိုင်ပွဲ၊ ဂိုးဘောအား ကစားပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ မျက် မမြင်စစ်တုရင်၊ ဘော်လီဘော၊ ဘတ်စကက် ဘောနှင့် အလေးမပြိုင်ပွဲတို့ဖြစ်သည်။

မြန်မာမသန်စွမ်းအားကစားပြိုင်ပွဲကို ဇန်န ဝါရီ ၁၁ရက်မှ ၂၂ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲကို ဇန်နဝါရီ ၁၄ရက်နှင့် ပိတ်ပွဲကို ဇန်နဝါရီ ၂ဝရက်တွင် ကျင်းပမည်ဖြစ်သည်။

Yangon Media Group