ထိုင်း​နိုင်​ငံ​က ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​ကို ​စမ်း​သပ်​လိုက်​တဲ့ ​အ​မှု

ပို့စ်တင်ချိန် - 12/10/2013 03:55:00 PM


ရတ်​က​ရစ် ​ပင်​နီ​ချ​ပါ​တီ​ကမ်​က ၂၀၁၂ ​လန်​ဒန်​အို​လံ​ပစ်​မှာ ​ထိုင်း​လက်ေ​ရွး​စင် ​သေ​နတ်​ပစ် ​က​စား​သ​မား​တ​ယောက် ​ဖြစ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ရတ်​က​ရစ်​ရဲ့​ပု​ဂ္ဂိုလ်​ရေး ​ပုံ​ရိပ်​က​တော့ ​မ​ကောင်း​လှ​ပါ​ဘူး​။

 အ​သက် ၇၂ ​နှစ် ​ရှိ​ပြီ​ဖြစ်​တဲ့ ​ဆူ​ရန်​ဒူ​အန်​ချင်း​ဒါး​က ​လွန်​ခဲ့​တဲ့ ​လ​က ​သေ​နတ်​သ​မား​တ​ယောက် ​ငှား​ပြီး ​အ​သတ်​ခိုင်း​ခဲ့​တယ်​လို့ ၀န်​ခံ​ခဲ့​ပါ​တယ်။

“​ကျ​မ ​အဲ​ဒီ​လို​လုပ်​ခဲ့​ရ​တာ​က ​ကျ​မ​သ​မက်​က ​ကျ​မ ​သ​မီး​ကို ​အ​မြဲ​လို​လို ​ရိုက်​နေ​လို့​ပါ​ရှင်။ ​ကျ​မ ​သူ​ကို ​အ​ကြိမ်​ပေါင်း​များ​စွာ ​ခွင့်​လွှတ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​တိုး​တက်​မ​လာ​ခဲ့​ပါ​ဘူး​။ ​ကျ​မ​က ​ကျ​မ​က​လေး​ကို ​အ​ရင် ​သေ​မ​သွား​စေ​ချင်​ဘူး​လေ။ ​ဒီ​တော့ ​သေ​နတ်​သ​မား​တ​ယောက် ​ငှား​ပြီး ​သတ်​ခိုင်း​ခဲ့​ရ​တာ​ပါ​ပဲ​ရှင်။”

ဂျိတ်​ဒက် ​ချောင်ဝေ​လီ​က ​အ​မျိုး​သ​မီး​နဲ့ ​အ​မျိုး​သား ​တိုး​တက်​ရေး​လှုပ်​ရှား​မှု​ဖောင်​ဒေး​ရှင်း ​ဆို​တဲ့ ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု ​ခံ​ရ​သူ​များ​အ​တွက် ​ဖောင်​ဒေး​ရှင်း​ရဲ့​ဒါ​ရိုက်​တာ ​တ​ယောက် ​ဖြစ်​ပါ​တယ်။

သူ​က ​မိ​ခင်​ဖြစ်​သူ​ဟာ ​စိတ်​လှုပ်​ရှား​မှု​ရဲ့ ​ထိန်း​မ​ရ​နိုင်​တဲ့ ​အ​နေ​အ​ထား​ကို ​ရောက်​သွား​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

“​သူ​တို့​က ​ရတ်​က​ရစ်​ကို ​မ​သတ်​ချင်​ခဲ့​ကြ​ပါ​ဘူး​။ ​ဒါ​ပေ​မယ့် ​အဲ​ဒီ​လို ​လုပ်​ဖို့ ​ဖိ​စီး​နေ​တာ​က​ကြာ​ပြီ​လေ။ (​နီ​တီ ၀​ဒီ ​ရဲ့​အ​မေ​က ၆ ​နှစ် ၇ ​နှစ် ​စ​ဉ်း​စား​ပြီး​မှ ​အဲ​ဒါ​ကို ​ဆုံး​ဖြတ်​ဖို့ ​အ​ချိန်​ရောက်​ခဲ့​တာ​ပါ။ ​ဒါ​ပေ​မယ့် ​တ​ကယ့်​အ​ခြေ​အ​နေ​မှာ ​သူ​တို့ ​က​ရတ်​က​ရစ်​ကို ​မ​ပစ်​ချင်​ကြ​ပါ ​ဘူး​။ ​တ​ရား​ဥ​ပ​ဒေ​အ​ရ ​ထောင်​ထဲ​မ​ထည့်​ဘဲ ​သူ​တို့​အ​တွက် ​တ​ရား​မျှ​တ​မှု​ကို ​ဘယ်​လို​ပေး ​နိုင်​မှာ​လဲ​ဗျာ။”

ထိုင်း​အ​စိုး​ရ​ရဲ့ ​ခန့်​မှန်း​ချက်​အ​ရ ၁ ​နှစ်​မှာ ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​ခံ​ကြ​ရ​သူ ​အ​မျိုး​သ​မီး​နဲ့ ​က​လေး​ပေါင်း ​ပျမ်း​မျှ ၂ ​သောင်း ၃ ​ထောင်​လောက် ​ရှိ​ပါ​တယ်။ ​အ​ရေ​အ​တွက်​က ​တိုး​များ​လာ​နေ​ပါ​တယ်။

လွန်​ခဲ့​တဲ့​နှစ်​က ​မ​ဟီ​ဒိုး​လ်​တ​က္က​သိုလ်​က ​အ​မျိုး​သား​၊ ​က​လေး​သူ​ငယ်​နဲ့ ​မိ​သား​စု ​ဖွံ​ဖြိုး ​တိုး​တက်​မှု ​အင်​စ​တီ​ကျူ​က ​ပြု​လုပ်​ခဲ့​တဲ့ ​စစ်​တမ်း​အ​ရ ​ထိုင်း​မိ​သား​စု​ရဲ့ ၃၀ ​ရာ​ခိုင်​နှုန်း​က ​အိမ်​တွင်း​အ​ကြမ်း​ဖက်​ခံ​ရ​မှု ​ရှိ​တယ်​လို့ ​သ​တင်း​ပေး​ပို့​ကြ​တယ်​လို့ ​ဆို​ပါ​တယ်။

အ​သက် ၃၃ ​နှစ် ​ရှိ​ပြီ​ဖြစ်​တဲ့ ​လက်​ထောက်​အ​မှု​ဆောင် ​မိစ်​ဆူ​ဖာ​ခွန်​က ​သူ​ရဲ့ ​ရည်း​စား​ဟောင်း​က ​နောက်​အ​မျိုး​သ​မီး​တ​ယောက်​နဲ့ ​လက်​ထပ်​သွား​ပြီး​တဲ့ ​ကာ​လ​ကို ​ပြန်​ပြော​ပြ​ခဲ့​ပါ​တယ်။

မိစ်​ဆူ​ဖာ​ခွန်​က ​သူ့​ကို ​အ​ကြမ်း​ဖက်​ခဲ့​တဲ့​ကြောင်း​ကို ​အ​ခု​လို ​ပြော​ပါ​တယ်။

“​သူ​က ​ကျ​မ ​ရုံး​ခန်း​ကို ​သေ​နတ် ၁ ​လက် ၀ယ်​လာ​ခဲ့​ပါ​တယ်။ ​နောက် ​သူ​က ​ကျ​မ​ကို ​သူ​နဲ့ ​ပုံ​မှန်​အ​တိုင်း ​မ​ဆက်​ဆံ​ဘူး​ဆို​ရင် ​ကျ​မ​ကို ​သတ်​ပစ်​မယ်​လို့ ​ခြိမ်း​ခြောက်​ခဲ့​ပါ​တယ်။ ​ကျ​မ​က ​ကြောက်​သွား​တာ​ပေါ့​ရှင်။ ​မေ​လ​အ​ကုန်​ပိုင်း​မှာ​တော့ ​သူ​က ​ကျ​မ​ကို ​ရုပ်​ပိုင်း​အ​ရ ​အ​ကြမ်း​ဖက် ​လာ​ခဲ့​ပါ​တယ်။ ​သူ​က ​ကျ​မ​ကို ​ရိုက်​ပါ​တယ်။ ​နံ​ရံ​နဲ့ ​ကု​တင်​နဲ့ ​ကျ​မ​ခေါင်း​ကို ​ဆောင့်​ခဲ့​ပါ​တယ်​ရှင်။ ​သူ​က ​ကျ​မ​ကို ​ဓား​နဲ့​လည်း ​ထိုး​ဖို့ ​ကြိုး​စား​ခဲ့​လို့ ​ကျ​မ​က ​ကျ​မ​ကို ​အ​သက်​ချမ်း​သာ​ပေး​ဖို့ ​တောင်း​ပန်​ခဲ့​ရ​ပါ​တယ်။”

အဲ​ဒီ​လို ​တိုက်​ခိုက်​အ​ပြီး​မှာ ​သူ့​ကို​ကယ်​ဖို့ ​သူ​ငယ်​ချင်း​ဖြစ်​သူ​ကို ​ဖုန်း​ဆက်​ခေါ်​ခဲ့​ပါ​တယ်။ ​ပ​ထ​မ ​ဆေး​ရုံ​ကို ​သွား​ခဲ့​ပြီး​နောက် ​ရဲ​စ​ခန်း​ကို ​သွား​ခဲ့​ပါ​တယ်။

လေ့​လာ​မှု​တွေ​က ​လူ​မှု​စီး​ပွား​ရေး ​အုပ်​စု​အား​လုံး​မှာ ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​တွေ ​ရှိ​တယ်​လို့ ​ပြ​နေ​ပြီး ​မ​ကြာ​ခ​ဏ​ဆို​သ​လို ​မူး​ယစ်​ဆေး​၀ါး​၊ ​အ​ရက်​တို့​နဲ့ ​ဆက်​စပ်​မှု ​ရှိ​နေ​တယ်​လို့ ​ဆို​ပါ​တယ်။

ဂျိမ်း​စ်​လင်း​က ​ခံ​စား​ခဲ့​ရ​တဲ့​သူ​တွေ​အ​တွက် ​အ​ခွင့်​အ​ရေး​အုပ်​စု ​ဖြစ်​တဲ့ ​ကာ​ကွယ်​ရေး ​လက်​တွဲ​ဆောင်​ရွက်​သူ​များ​ရဲ့ ​ဒါ​ရိုက်​တာ ​ဖြစ်​ပါ​တယ်။ ​သူ​က ​အဲ​ဒါ​ရဲ့ ​နောက်​ကွယ်​မှာ​က ​မ​ဟာ​ဖိုဝါ​ဒ​နဲ့ ​လိင် ​တန်း​တူ​ညီ​မျှ​မှု ​မ​ရှိ​မှု​တွေ ​ရှိ​နေ​ပါ​တယ်​လို့ ​ပြော​ပါ​တယ်။

“​ယော​က်ျား​တွေ​ကို ​ဆက်​ပြီး ​အ​ကြမ်း​ဖက်​နိုင်​အောင် ​လုပ်​ပေး​ထား​တာ​က ​ကျ​နော်​တို့​က ​ယော​က်ျား​တွေ​ကို ​သင်​ပေး​နေ​တဲ့ ​ဒီ​နည်း​လမ်း​တွေ​ပါ​ပဲ။ ​အဲ​ဒါ​တွေ​က ​အ​မျိုး​သ​မီး​တွေ​ကို ​ဩ​ဇာ​လွှမ်း​မိုး​မှု​နဲ့ ​ဆက်​စပ်​နေ​ပါ​တယ်။ ​ယော​က်ျား​တွေ​က ​မိန်း​မ​တွေ​နဲ့ ​သူ​တို့​ရဲ့ ​ခ​န္ဓာ​ကိုယ်​ကို ​ထိန်း​ချုပ်​နိုင်​ခွင့် ​ရှိ​တယ်​ဆို​တဲ့ ​အ​ယူ​အ​ဆ​နဲ့ ​ယော​က်ျား​တွေ​က ​အ​မျိုး​သ​မီး​တွေ​ကို ​လိင်​ဖျော်​ဖြေ​မှု ​လုပ်​ဖို့​အ​တွက်​ပဲ​လို့ ​မြင်​နေ​တဲ့ ​အ​မြင်​ကြောင့်​ပါ​ပဲ​ဗျာ။”

လေ့​လာ​စူး​စမ်း​မှု​တွေ​အ​ရ ​လူ​လတ်​တန်း​စား ​အ​မျိုး​သ​မီး​တွေ​ဟာ ​ကာ​လ​ရှည်​ကြာ ​နှိပ်​စက်​မှု​တွေ​ကို ​ခံ​စား​ခဲ့​ရ​တယ်​ဆို​တာ​ကို ​ပြ​နေ​ပါ​တယ်။

ဒါ​ပေ​မယ့် ​က​လွန်​တွေး​လို ​မြို့​ပြ​ဆင်း​ရဲ​သား​ရပ်​ကွက်​က ​အ​မျိုး​သ​မီး​တွေ​က​တော့ ​သူ​တို့​ကို
ကိုယ်​ခ​န္ဓာ​ပိုင်း​အ​ရ ​မ​တော်​မ​တ​ရား​ပြု​ခံ​ရ​တဲ့ ​အ​ချိန်​မှာ ​သူ​တို့​က ​အ​တူ​မ​နေ​ကြ​တော့​ပါ​ဘူး​။

ဖာ​သာ​မိုင်​ရာ​က ​အဲ​ဒီ​ဒေ​သ​က ​က​လေး​တွေ ​ကျောင်း​နေ​နိုင်​အောင် ​လုပ်​ပေး​နေ​တဲ့ ​အ​ဖွဲ့​အ​စည်း​တ​ခု​ကို ​တည်​ထောင်​ခဲ့​သူ​ပါ။

သူ​က ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​တွေ​အ​တွက် ​နောက်​ထပ် ​အ​ရေး​ကြီး​တဲ့​ကိ​စ္စ ​တ​ခု ​ရှိ​ပါ​သေး​တယ်​လို့ ​ဆို​ပါ​တယ်။

“​ရုပ်​ပိုင်း​ဆိုင်​ရာ​ကိ​စ္စ​တွေ ​ဖြစ်​နေ​ပေ​မယ့် ​အဲ​ဒါ​က ​ပြဿ​နာ ​မ​ရှိ​ပါ​ဘူး​။ ​စွန့်​ပစ်​ခံ​ခဲ့​ရ​တဲ့ ​က​လေး​တွေ​နဲ့ ​သူ​တို့​ရဲ့ ​က​လေး​တွေ​ကို ​မ​စောင့်ေ​ရှာက်​နိုင်​တဲ့ ​အ​မျိုး​သ​မီး​တွေ​ရဲ့ ​လင်​ယော​က်ျား ​တွေ​ရဲ့ ​အ​ကြမ်း​ဖက်​မှု​က ​ပြဿ​နာ​ပါ။ ​သူ​တို့​ဟာ ​သူ​တို့​ရဲ့ ​က​လေး​တွေ​ကို ​စွန့်​ပစ်​ခဲ့​ရ​ပြီး​  ​မိ​ခင်​တ​ယောက်​အ​ဖြစ်​တောင် ​တည်​တည်​ငြိမ်​ငြိမ် ​မ​နေ​နိုင်​ကြ​ပါ​ဘူး​။ ​သူ​က ​သူ​တို့​ကို ​ပိုက်​ဆံ​မ​ပေး​ဘူး​။ ​ယော​က်ျား​တွေ​က ​သူ​တို့​ပိုက်​ဆံ​တွေ​ကို ​လောင်း​က​စား ​လုပ်​ပစ်​တယ်။ ​အ​မျိုး​သ​မီး​တွေ​က ​သူ​တို့​ရဲ့ ​က​လေး​တွေ​ကို ​ကြည့်​ရှု​စောင့်ေ​ရှာက်​ဖို့ ​သုံး​တယ်​ဗျာ။”

ထိုင်း​နိုင်​ငံ​မှာ ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​ခံ​စား​ခဲ့​ရ​သူ​တွေ​ကို ​အ​ကာ​အ​ကွယ်​ပေး​ဖို့ ၂၀၀၇ ​ခု​နှစ် ​မှာ​က​တည်း​က ​ဥ​ပ​ဒေ ​ရှိ​ပါ​တယ်။ ​ဥ​ပ​ဒေ​က ​ပ​ထ​မ​ဆုံး​ကျူး​လွန်​သူ​တွေ​ကို ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၂၀၀ ​ဒဏ်​ငွေ​နဲ့ ​ထောင်​ဒဏ် ၆ ​လ ​အ​ထိ ​ချ​မှတ်​ခံ​ရ​နိုင်​ပါ​တယ်။ ​အ​စိုး​ရ ​စီ​စ​ဉ်​ဆောင်​ရွက်​တဲ့ ​အ​ရေး​ပေါ် ​အွန်​လိုင်း​တ​ခု​လည်း ​ရှိ​ပါ​တယ်။

အ​မျိုး​သ​မီး​အ​တော်​များ​များ​ဟာ ​တည်​ဆဲ​ဥ​ပ​ဒေ​နဲ့ ​အ​ကာ​အ​ကွယ်​ပေး​မှု ​တွေ​ကို ​မ​သိ​ကြ​သေး​ပါ​ဘူး​လို့ ​ဂျိတ်​ဒက်​က ​ဆို​ပါ​တယ်။

သူ​က ​တ​ကယ့်​စိန်​ခေါ်​မှု​က​တော့ ​ယော​က်ျား​တွေ​ရဲ့ ​တွေး​ခေါ်​စ​ဉ်း​စား​မှု​အ​ပေါ်​မှာ ​တည်​ရှိ​နေ​တယ်​လို့ ​ပြော​ပါ​တယ်။

“​ကျ​နော်​က ​ဒီ​ဥ​ပ​ဒေ​ကို ​ရ​လာ​ဖို့ ​ရှိ​နေ​တဲ့ ​ယ​န္တ​ရား​ကို ​ပြင်​ချင်​တာ​ပါ။ ​ယော​က်ျား​တွေ ​ရဲ့​တွေး​မြင် ​ပြု​မူ​မှု​ကို ​ပြောင်း​လဲ​ပေး​ဖို့ ​သူ​တို့​ကို ​ဖြေ​ရှင်း​ပေး​ဖို့​၊ ​သူ​တို့​ကို ​ပြောင်း​လဲ​ပေး​ဖို့​ကို၊ ​သူ​တို့​မှာ ​အ​မျိုး​သ​မီး​တွေ​ကို ​အ​ကာ​အ​ကွယ်​ပေး​ဖို့​စ​နစ် ​ရှိ​ရ​မယ်​လေ။ ​ဒီ​စ​နစ်​က ​သိပ်​အ​ရေး​ကြီး​ပါ​တယ်။ ​အိမ်​တွင်း ​အ​ကြမ်း​ဖက်​မှု​နဲ့ ​ပတ်​သက်​ပြီး ​သူ​တို့​ကိုယ်​သူ​တို့ ​ကာ​ကွယ်​ဖို့ ​ဥ​ပ​ဒေ​က ​အ​ကာ​အ​ကွယ် ​ပေး​ထား​တယ်​ဆို​တာ​ကို  ​အ​မျိုး​သ​မီး​တွေ ​သိ​သွား​ပြီ​ဆို​ရင် ​သူ​တို့ ​အိမ်​တွင်း​အ​ကြမ်း​ဖက်​ခံ​ရ​မှု​တွေ ​တွေ့​ကြုံ ​ခံ​စား​ရ​မှု​တွေ​ကို ​တ​ခြား​အ​မျိုး​သ​မီး​တွေ​နဲ့ ​ပြော​ဆို​ဖို့ ​အား​ပေး​လိုက်​သ​လို​ပါ​ပဲ။ ​သူ​တို့ ​အ​တူ​တူ ​မျှဝေ ​နား​လည်​မှု ​ရ​ရှိ​ကြ​မှာ​ပါ။”

ထိုင်း​နိုင်​ငံ​က ​မ​စ္စစ်​ဆူ​ရွန်း​ရဲ့ ​လူ​သတ်​မှု ​တ​ရား​စီ​ရင်​မှု​ကို ​အိမ်​တွင်း​အ​ကြမ်း​ဖက်​မှု​တွေ​ကို ​စမ်း​သပ် ​စစ်​ဆေး​တဲ့​အ​မှု​တ​ခု​လို့ ​သ​ဘော​ထား​ပြီး ​အ​နီး​ကပ် ​စောင့်​ကြည့်​သွား​မှာ ​ဖြစ်​ပါ​တယ်။ ​ဂျိတ်​ဒက်​က ​အ​မှု​က ​ရှုပ်​ထွေး​တယ်​လို့ ​ဆို​ပါ​တယ်။

ရွန်​ကော်​ဘင်​က  ​အာ​ရှ​ဒေ​သ ​သ​တင်း​ဆောင်း​ပါး​က​ဏ္ဍ​အ​တွက် ​ထိုင်း​နိုင်​ငံ ​ဘန်​ကောက် ​က​နေ ​သ​တင်း​ပေး​ပို့ ​ထား​ပါ​တယ်။    

By ​ဒီဗွီဘီ