၂၀၁၄ တွင်ကျင်းပမည့် အာဆီယံ ဆန်းမစ်အတွက် ဘီအမ်ဒဗလျူက ကား ၉၅ စီး ကူညီမည်

ပို့စ်တင်ချိန် - 12/19/2013 11:24:00 AM


၂၀၁၄ခု နှစ် မေနှင့် နိုဝင်ဘာလ များတွင် ကျင်းပမည့် ASEAN Summit  အခမ်းအနားသို့ တက်ရောက် လာမည့် နိုင်ငံ့ခေါင်းဆောင်များ နှင့် ဝန်ကြီးများ အဆင်ပြေစွာအ သုံးပြုနိုင်ရန် အဆင့်မြင့် BMW ကား၉၅ စီး ကို ပံ့ပိုးကူညီသွားမည် ဟု Prestige Auto Mobiles မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြက ပြောသည်။

BMW Asia   နှင့် BMW ကားများကို မြန်မာပြည်တစ်ဦး တည်းကိုယ်စားလှယ်အဖြစ် တင် သွင်းဖြန့်ချိခွင့်ရထားသော Prestige Auto Mobiles အနေဖြင့်  BMW 7 Series, the BMW 5 Series Executive Sedan   နှင့်  The Premium BMW X5 Sports Activity Vehicle  တို့အား မော်တော်ယာဉ် ၉၅စီးအထိ ပံ့ပိုး ကူညီမည်ဖြစ်သည်။ ''ပြည်တွင်းကုမ္ပဏီတစ်ခု အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးဖော်ဆောင်မှုတွင် တတ် စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိ ပါကြောင်း၊ သို့ပါ၍ (၂၇) ကြိမ်မြောက် Sea Games အား ကစားသမားများအတွက်  Scania Bus များဖြင့် ကျွန်တော်တို့၏မိတ် ဆွေကုမ္ပဏီဖြစ်သော Octagon International Services  မှ ပံ့ပိုး ကူညီမှုပြုခဲ့ပြီး ယခုကဲ့သို့သော ပထမဆုံး အကြိမ် မြန်မာနိုင်ငံမှ ASEAN ဥက္ကဋ္ဌအဖြစ် လက်ခံ ကျင်းပသော ASEAN Summit   အတွက် တွဲဖက်ပါဝင်၍ ပံ့ပိုး ဆောင်ရွက်ခွင့်ရရှိသည်မှာ အလွန် ပင် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ် ပါကြောင်း Prestige Auto Mobiles  ကုမ္ပဏီ ၏ အုပ်ချုပ်မှုဒါရိုက် တာ ဦးချမ်းမြက ပြောသည်။

ထို့အပြင် ဆက်လက်၍ ဦးချမ်းမြက ''ကျွန်တော်တို့၏  CSR Activity   တစ်ခုအဖြစ် ဤသို့သော အဓိကကျသည့် နိုင်ငံတကာ အ ခမ်းအနားကြီးတွင် ကျွန်တော်တို့ နိုင်ငံအတွက်  Joint Sponsor  အနေ ဖြင့် ဆောင်ရွက်ခွင့်ရရှိသည်မှာ ဝမ်းသာ ဖွယ်ဖြစ်ပါကြောင်း၊ ဤ အခမ်းအနားသို့ တက်ရောက်သူ များအား အကောင်းဆုံးသောအ ရည်အသွေးမြင့် မော်တော်ယာဉ် များ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့်  Summit အစီအစဉ် အောင်မြင် စေရန်နှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင် နိုင်စေရန် ပါဝင်ပံ့ပိုးလုပ်ဆောင် လိုပါကြောင်း ထပ်မံပြောသည်။

''BMW ရဲ့ ထူးခြားပြည့်စုံ သောခံစားမှုအတွေ့အကြုံကို နိုင်ငံ့ အကြီးအကဲ ခေါင်းဆောင်များ နဲ့ ဝန်ကြီးများထံသို့ ပို့ဆောင်နိုင် ရန် ကျွန်တော်တို့အနေဖြင့် အ စွမ်းကုန် ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိလိုရာ ခရီးလမ်း ပန်းတိုင်သို့ အကောင်း မွန်ဆုံးသော အနေအထားဖြင့် ဘေးကင်းမြန်ဆန်စွာ အရောက် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည် မှာ သေချာပါကြောင်း'' ဦးချမ်းမြ က ထပ်မံပြောသည်။

''ASEAN Summit သုံး နှစ်ဆက်တိုက် ပံ့ပိုးကူညီခွင့်ရရှိ သည့်အတွက် အလွန်ပင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အဆင့် မြင့်မော်တော်ကား  Brand အနေ ဖြင့် ၎င်း၏ အထင်ကရပြယုဂ်အ ဖြစ်ထူးခြားကောင်းမွန်ပြီး အဆင့် အတန်းမြင့် မားစေရန် နှင့် ခေတ် မီဆန်းသစ်သော ဒီဇိုင်းများဖြစ် စေရန် စဉ်ဆက်မပြတ်အားထုတ် ကြိုးပမ်းလျက်ရှိပါကြောင်းနှင့်  BMW Limousine  တိုင်းတွင် ခံ စားတွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် BMW သည် ယခုကဲ့သို့ ဂုဏ်သိက္ခာ ရှိ၊ ထင်ရှား အရေးပါသောASEAN Summit   နှင့် သင့်တော်လိုက်ဖက်မှုရှိလှပါ ကြောင်း'' BMW Group Asia  ၏အုပ်ချုပ်မှုဒါရိုက်တာ  Mr. Neil Fiorentinos  က မှတ်ချက်ပြုပြော သည်။

Yangon Media Group