ဖိ​လစ်​ပိုင်​တွင် ​ခ​ရီး​သည်​ယာ​ဉ် ​မိုး​ပျံ​ဟိုင်း​ဝေး​ပေါ်​က ​ပြုတ်​ကျ၊ ၂၁ ​ဦး ​သေ​ဆုံး

ပို့စ်တင်ချိန် - 12/16/2013 09:45:00 PM


ဖိ​လစ်​ပိုင်​နိုင်​ငံ ​မ​နီ​လာ​မြို့​ရဲ့ ​ဆင်​ခြေ​ဖုံး​နား​မှာ ​ခ​ရီး​သည်​တင် ​လိုင်း​ကား​တ​စီး ​မိုး​ပျံ ​ဟိုင်း​ဝေး​လမ်း​မ​ပေါ်​က​နေ ​ပြုတ်​ကျ​တဲ့ ​မ​တော်​တ​ဆ​မှု​အ​တွင်း ​လူ​အ​နည်း​ဆုံး ၂၁ ​ဦး ​သေ​ဆုံး​ပြီး ​ဒါ​ဇင်​နဲ့​ချီ​ပြီး ​ဒဏ်​ရာ​ရ​သွား​တယ်​လို့ ​အ​ရာ​ရှိ​တွေ​က ​ပြော​ပါ​တယ်။

မ​နက်​စော​စော​ပိုင်း​မှာ ​ဘက်စ်​ကား​ဟာ ​မိုး​ပျံ ​ဟိုင်း​ဝေး​လမ်း​မ​ပေါ်​က​နေ ​လမ်း​ချော် ​ပြုတ်​ကျ​တဲ့​အ​ချိန်​မှာ ​အ​လုံ​ပိတ် ​ဘန်း​ကား​တ​စီး​ပေါ်​ကို ​ပြုတ်​ကျ​ခဲ့​ပြီး ​ဘန်း​ကား​ရဲ့ ​ယာ​ဉ်​မောင်း​လည်း ​ပွဲ​ချင်း​ပြီး ​သေ​ဆုံး​သွား​ပါ​တယ်။

ဖိ​လစ်​ပိုင် ​ကြက်​ခြေ​နီ​အ​ဖွဲ့​က​တော့ ​လိုင်း​ကား​မောင်း​တဲ့ ​ဒ​ရိုင်​ဘာ​အ​ပါ​အ၀င် ​အ​နည်း​ဆုံး ​လူ ​အ​နည်း​ဆုံး ၈ ​ယောက် ​သေ​ဆုံး​သွား​တယ်​လို့ ​ဆို​ပါ​တယ်။

မ​နက်​စော​စော​ပိုင်း​မှာ ​ဗုံး​ကွဲ​တဲ့ ​အ​သံ​လို ​အ​လွန် ​ကျယ်​လောင်​တဲ့​အ​သံ​ကို ​ကြား​ခဲ့​ရ​ပြီး​နောက် ​အ​ခင်း​ဖြစ်​တဲ့​နေ​ရာ​ကို ​သွား​ကြည့်​ခဲ့​ပြီး ​ကား​ထဲ​မှာ ​ပိတ်​မိ​နေ​တဲ့ ​လူ​တွေ​ကို ​ကယ်​ထုတ်​ဖို့ ​ကြိုး​စား​ခဲ့​တယ်​လို့ ​မျက်​မြင်​တ​ယောက်​က ​ပြော​ပြ​ပါ​တယ်။

မ​တော်​တ​ဆ​ဖြစ်​ရ​တဲ့ ​အ​ကြောင်း​ရင်း​ကို ​အာ​ဏာ​ပိုင်​တွေ​က ​ဆက်​စုံ​စမ်း​နေ​ပါ​တယ်။ ​လမ်း​ပေါ်​မှာ ​ရေ​စို​နေ​တာ​က ​အ​ကြောင်း​ရင်း ​ဖြစ်​နိုင်​တယ်​လို့​လည်း ​ခန့်​မှန်း​နေ​ကြ​ပါ​တယ်။

ဖိ​လစ်​ပိုင်​မှာ ၂၀၁၁ ​ခု​နှစ်​က​လည်း ​ဒီ​လို ​ပုံ​စံ ​လိုင်း​ကား​မ​တော်​တ​ဆ​မှု ​ဖြစ်​ခဲ့​ပြီး ​လူ ၃ ​ယောက် ​သေ​ဆုံး​ခဲ့​ပါ​တယ်။
DVB Burmese