သူ့ ဟာနဲ့ သူတော့ အဆင်ပြေသွားတာပဲ - ဟာသ

ပို့စ်တင်ချိန် - 12/04/2013 08:56:00 AM



ခွင့်ရက်ရှည်ရသည်နှင့် အင်္ဂလိပ်လူမျိုး မစ္စတာ ဂိုးလ်ဘတ် ဂျာမဏီ နိုင်ငံသို့
အနားသွားယူသည်။
တည်းခိုသည့် နေရာနှင့် မနီးမဝေး စားသောက်ဆိုင်တွင် မစ္စတာဂိုးလ်ဘတ် ညနေတိုင်း ညစာ
စားသည်။ ဆိုင်မန်ဂျာ က ၄င်းအတွက် စားပွဲအမှတ် ၂- ကို နေရာချ သတ်မှတ်ပေးသည်။
ဤ စားပွဲတွင် ပြစ်သစ်တစ်ယောက်လည်း လာထိုင်ပြီး ညစာ စားသည်။ ညနေတိုင်း
မစ္စတာဂိုးလ်ဘတ် နှင့် ပြစ်သစ် တို့ ဆုံမိကြသည်။ ဆုံသည့်အခါတိုင်း ပြစ်သစ်သည်
ယဉ်ကျေးစွာ ပြုံးပြကာ bonappetit ဟု ပြောသည်။ ဂိုးလ်ဘတ် ပြစ်သစ်စကားကို
နားမလည်ချေ။ တစ်ဘက် ပုဂ္ဂိုလ်က မိမိ၏ အမည်ကို ပြောပြီး မိတ်ဆက်ခြင်း ဖြစ်လိမ့်မည်ဟု
တွက်သည်။ ထို့ကြောင့် 'ဂိုးဘတ်လ်' ဟု ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်။
တစ်ပတ်လောက် ကြာသွားသည်။ ဆိုင်မန်နေဂျာကို မစ္စတာဂိုးလ်ဘတ် မေးသည်။
"ပြစ်သစ်လူမျိုးတွေ အင်မတန် ယဉ်ကျေးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့်
ဘာဖြစ်လို့ အကြိမ်တိုင်းမှာ ကိုယ့်နာမည်ကို ပြောပြီး မိတ်ဆက်ရတာလဲဗျာ ပထမတစ်ခါ
မှာကတည်းက သူ့နာမည်ကို bonappetit ဆိုတာ ကျွန်တော်ကောင်းကောင်း
မှတ်မိနေပြီပဲ"
"မစ္စတာဂိုးလ်ဘတ် နားလည်တာ လွဲနေတယ် ခင်ဗျ။ ပြစ်သစ်လို bonappetit ဆိုတာ
မြိန်ရှက်စွာ သုံးဆောင် နိုင်ပါစေ လို့ အဓိပ္ပါယ်ရတယ်ခင်ဗျ"
နောက်တစ်နေ့တွင် ပုံမှန်အတိုင်း မစ္စတာဂိုးလ်ဘတ် ညစာစားရန် စားသောက်ဆိုင်သို့
သွားသည်။ ပြစ်သစ် ရောက်နှင့်နေပြီ ဖြစ်သည်။ မစ္စတာဂိုးလ်ဘတ် သည် ပြုံးပြီး bon appetit ဟု ပြောလိုက်သည်။ ပြစ်သစ်ကလည်း ယဉ်ကျေးစွာ ပြန်လည် ပြုံးပြပြီး
ပြောသည်။
"ဂိုးလ်ဘတ်"

Credit - မောင်ကောင်းထိုက်