ဆိုင်ကယ်ကယ်ရီသမားက လိုင်စင်မဲ့ယာဉ်ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုဓားဖြင့်ထိုး

ပို့စ်တင်ချိန် - 12/30/2013 08:50:00 AM



ရန်ကုန်၊ဒီဇင်ဘာ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းဘူတာတွင် ယနေ့နံနက် ၁၀နာရီ၁၅မိနစ်ချိန်ခန့်က လိုင်စင်မဲ့ဆိုင်ကယ်များကို လာရောက်ဖမ်းဆီးစဉ် ကယ်ရီသမားက ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်မြို့နယ်အုပ်ချုပ်ရေးရုံးမှအရာရှိတစ်ဦးဒဏ်ရာရရှိသွားကြောင်း အင်းစိန်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းသန်းဦးက People Power သတင်းစာသို့ပြောကြားသည်။

ဓားဖြင့်ထိုးသွားသည့် တရားခံဟုယူဆရသူကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း၊ ဒဏ်ရာရရှိသူနှစ်ဦးကို အင်းစိန် ဆေးရုံသို့တင်ပို့ကုသထားကြောင်း၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်နှစ်စီးအားဖမ်းဆီးယူဆောင်သွားစဉ် ယင်းနေရာတွင်ကျန်ခဲ့သည့် ရဲတပ်ဖွင့်ဝင်များကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှသိရသည်။

ရေးသားသူ-ကြည်ပြာ
People power