ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ နာမည်ကျော် သေမင်းတမန်ရထားလမ်းကြီး အမှန်တကယ်ပြုပြင်တော့မည်လော

ပို့စ်တင်ချိန် - 12/29/2013 02:45:00 AM





ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဖောက်လုပ်ခဲ့သော သေ မင်းတမန်ရထားလမ်း(Death Railway) ၏အစပိုင်းလမ်းပိုင်းကို ပြန်လည်ပြုပြင်သုံးစွဲပြီး နိုင်ငံခြား ၀င်ငွေရှာဖွေနိုင်ရေးကြိုးစားနေ ကြောင်းမြို့နယ်အုပ်ချုပ်ရေးတာဝန် ရှိသူများထံမှ သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထင်ရှားကျော်ကြားလှသောမွန်ပြည် နယ်သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ နိုင်ငံသေမင်းတမန် ရထားလမ်း အစကိုပြုပြင်နိုင်ရန်အတွက် မွန် ပြည်နယ်အစိုးရအဖွဲ့ထံမှ မြေ ၆.၂ ဧကကိုတင်ပြတောင်းခံထား ကြောင်း သံဖြူဇရပ်မြို့နယ် စည် ပင်သာယာရေးအဖွဲ့ကဆိုသည်။

ယင်းသို့တောင်းခံရခြင်းရည် ရွယ်ချက်မှာ သေမင်းတမန် ရထား လမ်း အစပိုင်းကိုကမ္ဘာလှည့်ခရီး သွားများလာရောက်လည်ပတ်စေ ရေးနှင့်မဟာမိတ်စစ်သည်နိုင်ငံများ မှလာရောက်ဂါရ၀ပြုနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲ ဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်တို့အနေနဲ့ကတော့ ဒီသေမင်းတမန်ရထားလမ်းကိုပြု ပြင်ဖို့နဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ကိုဆွဲဆောင်နိုင်ဖို့အတွက် ပန်းခြံ အပါအ၀င်ရထားလမ်းကိုပြုပြင်လို တဲ့ ဆန္ဒရှိပါတယ်။ လုပ်မယ်ဆိုရင် တော့မြေနေရာတွေလိုတာပေါ့။ အခုက အစိုးရအဖွဲ့ဆီကိုမြေနေရာ တင်ပြတောင်းခံထားပါတယ်။ အကယ်၍ ရပြီဆိုရင်တော့သဘာဝ အလှတွေမပျက်စေဘဲနဲ့မြန်မာနိုင်ငံ ရဲ့ ဒုတိယကမ္ဘာစစ်မှာနာမည်ကျော် ခဲ့တဲ့ သေမင်းတမန်ရထားလမ်း ကြီးရဲ့အစပိုင်းကိုပြန်လုပ်ပြုပြင်လုပ် ဆောင်နိုင်မှာ ဖြစ်ပါတယ်”” ဟု သံဖြူဇရပ်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ်က ပြောသည်။ မွန်ဒေသခံများအနေ နှင့်လည်း သေမင်းတမန်ရထား လမ်းကို ပြန်လည်ပြုပြင်စေလို သောဆန္ဒရှိကြကြောင်း သိရ သည်။ ““ဒီသေမင်းတမန်ရထား လမ်းဆိုတာ ဒုတိယကမ္ဘာစစ် အတွင်းတကယ်ကိုနာမည်ကျော် ခဲ့တဲ့နေရာတစ်ခုပါ။ အခုတော့ ခြုံနွယ်တွေပဲရှိနေပြီးပေါ်လွင်မှုမ ရှိတော့ပါဘူး။ ထိုင်းနိုင်ငံ ကန်ချ နာပူရီမှာတောင်ဒီရထားလမ်းကို အရင်းတည်ပြီး ကမ္ဘာလှည့်ခရီး သွားတွေက အများအပြားလာ ရောက်ကြတယ်။ ဒုတိယကမ္ဘာစစ် အတွင်းကျဆုံးခဲ့တဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေ၊သူတို့ရဲ့ဆွေမျိုးတွေ ကို လာရောက်ဂါရ၀ပြုကြတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီ ရထားလမ်းကိုပြန်လည်ပြုပြင်စေ လိုတဲ့ ဆန္ဒရှိနေပါတယ်”” ဟုဒေသ ခံတစ်ဦးဖြစ်သူကိုရန်နောင်ထွန်း ကပြောသည်။

သေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့စဉ်က ဂျပန်၏အဓိက ရည်ရွယ်ချက်မှာဗြိတိသျှလက် အောက်ကမြန်မာပြည်ကို ထိန်း ချုပ်ရန်နှင့်ပင်လယ်ပြင်ဖက်အုပ် စီးမှုရရန် မလွယ်ကူသောကြောင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီမှမြန်မာ နိုင်ငံသံဖြူဇရပ်သို့ ရထားလမ်း ဖောက်လုပ်ပြီးဆက်သွယ်ထိန်းချုပ် ရန်ရည်ရွယ်ခဲ့ကြောင်း သိရသည်။

အဆိုပါရထားလမ်းမှ ၂၅၈ မိုင်(၄၁၅ ကီလိုမီတာ) ရှည်လျား ခဲ့ပြီး ၁၉၄၂ ခုနှစ်တွင်စတင်ဖောက် လုပ်ခဲ့သည်။ သံဖြူဇရပ်မြို့ အနီးတွင် သေမင်းတမန် မီးရထား လမ်းဖောက်လုပ်ခဲ့ခြင်း အထိမ်း အမှတ်အနေဖြင့်ပြတိုက်နှင့်မဟာ မိတ်စစ်သင်္ချိုင်းရှိသည်။

ယင်းစစ်သင်္ချိုင်းတွင်ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံး ခဲ့သောအင်္ဂလိပ်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိနိ္ဒယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသောစစ်သည်၃၆၁၇ဦးအတွက် အရိုးပြာများကိုလည်း မြုပ်နှံထား ကြောင်းသိရသည်။ စစ်သင်္ချိုင်း ကို ဒီဇင်ဘာ (၁၈) ရက် ၁၉၄၆ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန်တို့ လာ ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းများအရသိရသည်။

မှူးအိမ်ဇော်-မွန်ပြည်နယ်(မြစ်မခ)
မြ၀တီ