သုံးခွမြို့နယ်မှ (၂)လကျော်ကြာ လူသတ်မှုအား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဖေါ်ထုတ်လိုက်ခြင်း

ပို့စ်တင်ချိန် - 12/04/2013 12:48:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၎

အမှုမှာ ၂၆.၉.၂၀၁၃ရက်နေ့ နံနက်ပိုင်းက သုံးခွမြို့နယ်၊ လက်ပန်နန်း ခလဲရွာ၊ ဘုရားလေးတဲစုနေ ဦးမြဟန်(၆၂)နှစ်သည် တဲအတွင်း သွေးအိုင်ထဲ လဲကျသေဆုံးနေသဖြင့် တရားခံစုံစမ်းဖေါ်ထုတ် အရေးယူပေးရန် ဦးနေ၀င်းအောင်(ဘ)ဦးမြဟန်မှ တိုင်တန်းသဖြင့် သုံးခွမြို့မရဲစခန်း(ပ)၂၇၈/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် လက်ခံစစ်သော အမှုဖြစ်ပါသည်။

အမှုမှာ (၂)လကျော်ကြာသည့်တိုင် ထူးခြားမှုမရှိသဖြင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ တိုင်းမှု/ကူ၊ လုံခြုံရေးတပ်ခွဲ(၂)တို့မှ အမှုတွဲအားလွှဲယူပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မအေးအေးနွယ်(သေဆုံးသူ၏ချွေးမတော်စပ်သူ)မှ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုပြီး လူသတ်ရာတွင် အသုံးပြုသည့် ဓါးမ(၁)ချောင်း၊ ကျောက်ပျဉ်နှင့် အချင်းဖြစ်စဉ်၌ ၀တ်ဆင်ခဲ့သောအ၀တ်အစားများ သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

Yangon Police