လွတ်လပ်ရေးနေ့မှာ ၈၈ မျိုးဆက်နဲ့ အရပ်ဘက်အဖွဲ့ ၆၀ ကျော် စုပေါင်း ဆန္ဒပြမည်

ပို့စ်တင်ချိန် - 12/26/2013 08:00:00 AM


မတရားတဲ့ တဖက်သတ် ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ ဖျက်သိမ်းသင့်တာတွေကို ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုကို ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်က စုပေါင်းပြီး လာမယ့် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သတင်း ရရှိပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့မှာ ဆန္ဒပြခွင့် ရရှိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက် တောင်းခံထားတယ်လို့လည်း RFA မှာ သတင်း ဖေါ်ပြထားပါတယ်။

ဒါ့ပြင် ပြည်သူတွေကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၈) နဲ့ နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ဖို့ ထုတ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြမယ်ဆိုတဲ့ အကြောင်းကို အဆိုပါ အဖွဲ့တွေကနေ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီကို စာရေးပြီး မနေ့က အကြောင်းကြားလိုက်တယ်လို့လည်း သိရပါတယ်။
Burmesenews narinjara