သတ်မှတ်စံချိန် စံညွှန်းနဲ့ အညီလမ်းခင်းစေလို

ပို့စ်တင်ချိန် - 12/18/2013 09:45:00 PM



ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ(၅)ရပ်ကွက် စံပြ (၁)လမ်းအားမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဦးဆောင်၍ အလျှား (၁၈၄၀)ပေ အကျယ်(၁၂)ပေ ထု(၁)ပေ ၂လက်မ ဖြင့်လမ်းပြုပြင်နေကြောင်းသိရသည်။

အဆိုပါလမ်းအား ခင်းကျင်းနေသည်မှာ သတ်မှတ်စံချိန်စံညွှန်းမမှီသည်ကိုတွေ့ ရှိနေပါပြီး သုံးစွဲပစ္စည်းများမှာ ဈေးပေါ  ကျောက်များ ခြားခံ ပစ္စည်းများ၊ ထုများသည် မိမိအကျိုး စီးပွားကိုသာ ကြည့်ပြီး ၀န်ထမ်းနှင့် ကန်ထရိုတ်များ ပူးပေါင်းကာ ပြုလုပ်နေပါသည်။

နိုင်ငံတော်မှ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်မှု လွယ်ကူစေရေး အတွက် သတ်မှတ်တွက်ချက်ကာ လမ်းညွှန်မှူသည် တာဝန်ရှိသူနှင့် စီပွားရေးသမားများ၏ ပေါင်းဆက်ကာမိမိအကျိုးစီးပွာတခုတည်းကိုသာ ကြည့်ပြီး ပြုလုပ်နေပါသည်။

မြို့နယ်တာဝန်ရှိ အုပ်ချုပ်ရေးမှူး၊ အထောက်ကူပြုအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်၊ စည်ပင်ဖွံ့ ဖြိုးရေးကော်မတီများမှ လာရောက်ကြည့်ရှူခြင်း မရှိခြင်းမှာ လုပ်သာပြည်သူများ အတွက် များစွာနစ်နာပါသည်။

အလားတူ ညောင်လေးပင်မြို့ မြို့မ(၂) ရပ်ကွက် အောင်ဇေယျလမ်းအား ခင်းကျင်းခဲ့သည်မှာလည်း တနှစ်မပြည့်မှီ ယခုအချိန်အလွန်ဆိုးရွာ နေသည်ကိုတွေ့ မြင်ရပါသည်။

အဆိုပါလမ်းအားနေ့ စဉ်သွားလာနေသော အမှတ်(၁)အခြေခံ အထက်တန်းကျောင်း၊ ကျောင်းသား/သူများ အခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ (ပုံ)  သို့ ပါ၍စံပြ(၁)လမ်းအား ခင်းကျင်း နေခြင်းအား မြို့နယ်မှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကူညီကျပါရန်တင်ပြ အပ်ပါသည်။

လမ်းသူလမ်းသားများ စံပြ(၁)လမ်း ညောင်လေးပင်မြို့
thithtoolwin