မြန်မာလုံထိန်း ပစ်ခတ်၍ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 12/27/2013 01:31:00 PM


(နိရဉ္စရာ- ၂၇ ဒီဇင်ဘာ ၂၀၁၃)

နစကကို ဖျက်သိမ်းပြီးနောက် နယ်စပ် လုံခြုံရေး တာဝန်ကို အစားထိုး တာဝန်ယူထားသော လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ သတင်းဖေါ်ပြသည်။

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် နယ်စပ် မှတ်တိုင် ၄၄ နှင့် ၄၅ အနီးတွင် (ဒီဇင်ဘာလ ၂၅ ရက်) ယမန်နေ့ နေ့လည်ပိုင်းက မြန်မာလုံးထိန်းတပ်ဖွဲ့မှ ပစ်ခတ်သည့်အတွက် ၎င်းဘင်္ဂလီအမျိုးသားမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်းဆိုသည်။

သေဆုံးသွားသူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်ကျောက်ဆိုးရီမြို့နယ်မှ မစ္စတာ ဂီယာအုံဒိန် (၂၇) နှစ် ဆိုသူ ဖြစ်ပြီး မြန်မာနိုင်ငံထဲ သစ်ခုတ်ရန် ၀င်ရောက်စဉ် နယ်ခြားစောင့် လုံထိန်းတပ်ဖွဲ့မှ ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Dainik coxsbazar News တွင် သတင်း ဖေါ်ပြသည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦး  ပစ်သတ်ခံရသည့်အတွက် ဘင်္ဂလာဒေခ်ျ့ BGB နယ်ခြားစောင့် အမှတ် ၃၁ တပ်ရင်းမှ မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ပြီး ဖြေရှင်းရန် စီစဉ်နေကြောင်း ၎င်းသတင်းက ဆိုသည်။

ယခု ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး နယ်စပ်တွင် ပစ်ခတ်ခံရ၍ သေဆုံးမူသည် လုံထိန်းတပ်ဖွဲ့ တာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
Burmesenews narinjara