ဥရောပ ပရီးမီးယားလိဂ်တစ်ခုတွင် မြန်မာလူမျိုး ဘောလုံးသမား ချစ်စန်းကျော် ဝင်ရောက်ကစားနေ

ပို့စ်တင်ချိန် - 12/20/2013 12:45:00 PM


ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။        ။ ဖင်လန် ပရီးမီးယားလိဂ်အသင်း တစ် သင်းဖြစ်သည့်  KUPS လူငယ် အသင်း တွင် မြန်မာလူမျိုးဘော လုံးသမားတစ်ဦး ဝင်ရောက်က စားနေပြီဖြစ်ကြောင်း သိရသည်။ KUPS ၏  Junior A အ သင်းတွင် Jose အမည်ဖြင့် ကစားလျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း၏ရွေးချယ်ခြင်း ကို ခံခဲ့ရသူလည်းဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး အသက်၁၉နှစ်အောက် အသင်းတွင် ၂၀၁ဝပြည့်နှစ် ဇူလိုင်လ က ရွေးချယ်ခံရကာ အသင်းနှင့်အတူ ကာလတိုလေ့ ကျင့်ခွင့်ရခဲ့သူလည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့သူ ကစားသမား အချို့မှာ ယူ-၁၉ ဥရောပချန်ပီ ယံရှစ်တွင် ဖင်လန်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။ ကွင်းလယ် ကစားသမား ချစ်စန်းကျော်သည် ကျောနံပါတ် ၂၀ ဝတ်ဆင် ကစားကြောင်း KUPS အသင်းလူစာရင်းတွင် ဖော်ပြထားချက်အရ သိရသည်။ ယင်းအနေဖြင့် ဖင်လန် ထိပ်တန်းလိဂ်မှ အသင်းတစ် သင်း၏ လူငယ်အသင်းတွင် ကစားနေရခြင်းအပေါ် အွန် လိုင်းပေါ်မှ လူအများ စိတ်ဝင် စားလျက်ရှိပြီး မြန်မာ အသင်း တွင် ရွေးချယ်မည်ဆိုလျှင် အ သင်းအတွက် ပိုကောင်းမွန်မည် ဟုလည်း သုံးသပ်လျက်ရှိသည်။

KUPS အသင်းသည် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ယူရို ပါလိဂ်နှင့် ယခုနှစ်ယူရိုပါလိဂ် တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့်အသင်းဖြစ်ကာ လက်ရှိ ဖင်လန်ပရီးမီးယားလိဂ်တွင် အဆင့်(၁၀)ဖြင့် ရပ်တည်နိုင်ခဲ့ သည့် အသင်းလည်းဖြစ်သည်။ (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင် ပွဲတွင် မြန်မာယူ-၂၃အသင်း ၌ ပါဝင်ကစားခဲ့သူအချို့မှာ လာမည့် (၂၈)ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပြိုင် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အသက်လွန်ပြီဖြစ်ရာ မြန်မာ ဘောလုံးအသင်းအနေဖြင့် မျိုး ဆက်ပြတ်မသွားစေရန် ထွန်း တောက်သည့် လူငယ်ကစား သမားများ ပေါ်ထွန်းလာရန် အရေးတကြီး လိုအပ်လျက်ရှိ သည်။

မင်းသန့်
Yangon Media Group