ဦးတေဇရဲ့ ခရစ်စမတ်နေ့ ဆုတောင်း

ပို့စ်တင်ချိန် - 12/26/2013 10:37:00 AM


မနေ့က ကျရောက်တဲ့ ခရစ်စမတ်နေ့မှာ လုပ်ငန်းရှင်ကြီး ဦးတေဇက ... လေကြောင်းလိုင်းတွေ၊ လေယာဉ်စီးခရီးသည်တွေ အန္တရာယ်ကင်းစေဖို့ ဆုတောင်းကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
ခရစ်စမတ်ည သူ့ဖေ့စ်ဘုတ် https://www.facebook.com/pages/U-Tay-Za/266495883384881 မှာ  ရေးထားတာတွေက ဒီလိုပါ ....

  မိမိတည်ထောင်ခဲ့သော AirBagan လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဖြစ်တဲ့ XY-AGC ဟာ ခရီးစဉ်တစ်ခု ဖြစ်တဲ့ W9-011 ရဲ့ (25.12.2012)နေ့ ဟဲဟိုးခရီးစဉ်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆဖြစ်စဉ်ဟာ မိမိအတွက် မနေ့တစ်နေ့ကလိုပါပဲ။

အထောက်အကူပစ္စည်းတို့မပြည့်စုံတဲ့ လေယာဉ်ကွင်းကို မြူနှင်းတွေကြားထဲက တာဝါခွင့်ပြုချက်နဲ့ဆင်းသက်ရာမှာ Accident ဖြစ်ပွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

International Civil Aviation Organization (ICAO) ရဲ့စံသတ်မှတ်ချက်နဲ့အညီ စက္ကန့် ၉၀ အတွင်းမှာပဲ လေယာဉ် Pilot နဲ့ တာဝန်ကျ လေယာဉ်အမှုထမ်းတွေရဲ့ သက်စွန့်ကြိုးပမ်း ကယ်တင်မှုတွေက AirBagan လေကြောင်းလိုင်းနဲ့သူ့ရဲ့ Security Management အတွက် ပိုမိုတင့်တယ်စေတဲ့အတွက် မိမိအနေနဲ့ များစွာ ကျေးဇူးတင်မိပါတယ်။

အချိန်နဲ့တပြေးညီ ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြတဲ့ လေဆိပ်အနီးအနားမှ တိုင်းရင်းသားဒေသခံတွေ၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးပိုင်းမှ ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူတွေ၊ မိမိတို့ကို ခရိုနီလို့သတ်မှတ်ပြီး မခေါ်မပြောကြသူတို့ အကြားဝယ် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကူညီခဲ့ကြသော အစိုးရအရာရှိကြီးများနှင့် တပ်မတော်မှ တာဝန်ရှိသူများ၊ မိမိ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဦးအောင်ကိုဝင်း နှင့် KBZ Group မှ တာဝန်ရှိသူများ၊ စဝ်စံထွန်းဆေးရုံမှ တာဝန်ကျဆရာဆရာမများနှင့် တာဝန်ရှိသူတွေ၊ Crisis Management ကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးကြတဲ့ Htoo Group of Companies နဲ့ AirBagan လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်မိပါတယ်။

ယခုလိုဖြစ်စဉ်မျိုး၊ မိမိကြုံတွေ့ရသလိုမျိုး နောက်ထပ် ဘယ်လေကြောင်းလိုင်း၊ ဘယ်ခရီးသည်မှ ထပ်မံမကြုံတွေ့ မခံစားစေဖို့ မိမိအနေနဲ့ ဆုတောင်း ဆန္ဒပြုမိပါတယ်။
ဧရာဝတီ သတင်း