ပြည်တွင်းရှိစားသောက်ကုန်များ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှု ယခင်ထက်ပိုမိုပြုလုပ်လာဟုဆို

ပို့စ်တင်ချိန် - 12/20/2013 11:00:00 PM


=====================================
မို့မို့သန္တာ
=====================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။ ပြည် တွင်းရှိ စားသောက်ကုန်ထုတ် လုပ်ရောင်းချသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု များ ယခင်ထက် ရာခိုင်နှုန်း၅၀ ခန့်ပိုမို၍ စစ်ဆေးမှုများပြုလုပ် လာကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြည်တွင်း ရှိ အစားအသောက်များမှတစ် ဆင့် အစာ အဆိပ် သင့် ဖြစ်ပွား မှုများ ဖြစ်ခဲ့သည့်အပြင် စား သောက်ကုန် များနှင့် ပတ်သက် သည့် အဖွဲ့အစည်းများ၏ စစ် ဆေးမှုများ ပိုမိုများပြား လာသော ကြောင့် အသား၊ ငါးနှင့် ဟင်း သီးဟင်းရွက် တင်ပို့ရောင်းချ သူများ အနေဖြင့် ယင်းတို့ ၏ စား သောက်ကုန်များတွင် ကျန်းမာ ရေး ထောက်ခံ ချက်များရရှိရန် ယင်းကဲ့ သို့ စစ်ဆေးမှုများ ပြု လုပ်ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသောက် ကုန်ထုတ်လုပ် တင်ပို့သူများအသင်းမှ ဓာတ်ခွဲ ခန်း မန်နေဂျာ ဒေါက်တာအေး ကျော် က ပြောသည်။

ဒေါက်တာအေးကျော်က ''အရင်နှစ်က တစ်လကို အမျိုး အစား ၁၀ဝလောက် စစ်ရရင် အခုက ၁၅ဝလောက် စစ်ရ တယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင် ပို့သူများအသင်းရှိ ဓာတ်ခွဲခန်း မှ စားသောက်ကုန်များ၏အာ ဟာရဓာတ်နှင့် အဏုဇီဝပိုးမွှား များကို စစ်ဆေးမှုများပြုလုပ်ပေး လျက်ရှိပြီး ယခင်နှစ်များအတွက် စစ်ဆေးမှု များ ပြုလုပ်လာသော ကြောင့် စားသုံးသူပြည်သူများ အတွက် အန္တရာယ်ရှိနိုင် မည်များ ကို ကြိုတင်သိရှိနိုင်ပြီး ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ဓာတ်မြေဩဇာဖျန်းထား သည့် ဟင်းသီးဟင်းရွက်များ ကို မဆင်မခြင်စားသုံး ပါ က အ သက်အန္တရာယ်အထိပါ ဒုက္ခ ရောက်နိုင်သောကြောင့် ယခု ကဲ့သို့ လုပ်ငန်းရှင်များ ပိုမိုစစ် ဆေးမှုများပြုလုပ်လာပါက စား သုံးသူများအတွက် အကျိုးအ မြတ်များစွာရနိုင်ကြောင်း မြန်မာ နိုင်ငံ စားသုံးသူကြိုတင်ကာ ကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗ အုပ်ခိုင်က ပြောသည်။

Yangon Media Group