မြန်မာနှင့် ထိုင်းဘေားလုံးပွဲလက်မှတ် ဝယ်ယူသူများပြား

ပို့စ်တင်ချိန် - 12/14/2013 10:24:00 AM


မြန်မာအမျိုးသားဘေားလုံးအသင်းနှင့် ထိုင်းအမျိုးသားဘေားလုံး အသင်းတို့ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင် ကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်ရာ ယင်းပွဲစဉ်အတွက် ကြည့်ရှုခွင့် လက်မှတ်များကို ဒီဇင်ဘာ ၁၃ မှစတင် ၍ ရောင်းချပေးလျက်ရှိရာ ဝယ်ယူသူများပြား သဖြင့် ရောင်ချချိန်တစ်နာရီအတွင်း ပထမရက်တွက် သတ်မှတ် ဆောင်ရေ တစ်သောင်းခွဲမှာ ကုန်သွားသဖြင့် နံနက် ၆ နာရီကတည်းက လာရောက် တန်းစီသူများပင် လက်မှတ်မရ ရှိကြောင်းသိရသည်။

"လက်မှတ်ဆောင်ရေ တစ်သောင်းခွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၊ အောင်းဆန်းကွင်း၊ စလင်းကွင်းနဲ့ ပဒုမ္မာကွင်း ဆိုပြီး နေရာလေးနေရာမှာ ခွဲပြီးရောင်းပေးခဲ့တာ နာရီပိုင်းအတွင်း ကုန်သွားတယ်။ အကြာကြီး နေပူထဲမှာ တန်းစီပြီး လက်မှတ်မရလိုက်တဲ့ သူတွေရှိပါတယ်။ ကျွန်တော်တို့ကလည်း ထိုင်ခုံရှိတဲ့အတိုင်းပဲ ရောင်းပေး ရတာမို့ ကြည့်ချင်တဲ့သူ အရေအတွက်နဲ့ ရောင်းပေးနိုင်တဲ့ လက်မှတ် အရေအတွက် မမျှမတ ဖြစ်သွားတာပါ။ လက်မှတ်မရတဲ့ ပရိသတ်ကြီး ကိုလည်း တောင်းပန်ပါတယ်"ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သုဝဏ္ဏဘေားလုံးပြိုင်ကွင်းသည် ပရိသတ်ဦးရေ သုံးသောင်းသာ ဝင်ဆံ့ကြောင်း သိရသည်။

MOI Webportal Myanmar