ခွင့်ပြုချက်တင်ပြီး ပေါက်တော စည်ပင်ကို ဆန္ဒပြကန့်ကွက်မည်

ပို့စ်တင်ချိန် - 12/03/2013 02:41:00 PM


ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အောက်ဖေါ်ပြပါ အချက် (၈) ခုကို ပြုပြင်ပေးခြင်း မရှိသဖြင့် ဒီဇင်ဘာလ (၂) ရက်နေ့တွင် ခွင့်ပြုချက်တင်ပြီး မြို့ခံ လူထုမှ ဆန္ဒဖေါ်ထုတ် ကန့်ကွက်သွားမည်ဟု သိရသည်။

အချက် (၈) ခုမှာ

(၁) မြို့ပေါ်လမ်းများ အားလုံး ပျက်စီးနေခြင်းအား လုံးဝပြန်လည်ပြုပြင်မှု မရှိခြင်း ။(၂) မြို့ပေါ်ရေပေးဝေမှု စနစ်တကျမရှိသဖြင့် ရေရှားပါးမှုများနှင့် နှစ်စဉ်ကြုံတွေ့ရခြင်း။
(၃) မြို့ပေါ်ရေနုတ်မြောင်းများ တူးဖေါ်ခြင်း လုံးဝမရှိသဖြင့် မိုးရာသီတွင်လမ်းများ ရေမြုတ်ခြင်း။
(၄) မြို့ပေါ်လျှပ်စစ်မီးတိုင်များတွင် မီးချောင်း/မီးသီးများ တပ်ဆင်မပေးခြင်း ။
(၅) စည်ပင်အခွန်များကို အခြားမြို့များထက် များပြားစွာကောက်ခံခြင်း ။ ( ဈေးကောက် ၊ လုပ်ငန်းခွန် ၊ ကမ်းကပ်ခွန် စသည်ဖြင့်)
(၆) စည်ပင် ဘားဂျက်များကို အလွဲသုံးစားပြုလုပ်ခြင်း ။
(၇) ယခု စည်ပင်ဝန်ထမ်းခေါ်ယူလျက်ရှိသော နေရာများကို ကျပ်(၁၀)သိန်းမ (၂၅)သိန်းကျပ်ထိ ရာထူးအလိုက် လဒ်စား တောင်းခံခန့်ထားရန် စီစဉ်ခြင်း။
(၈) အဆိုးဆုံးမှာ မြို့စည်ပင်သာယာရေးနှင့်လှပရေးကို လုံးဝစိတ်ဝင်စားမှုမရှိခြင်း။

narinjara burmese news