နာရီ ၃၀ လောက် မရပ်မနား စာရေးခဲ့သူ မိန်းကလေး ပင်ပန်းပြီး သေဆုံး

ပို့စ်တင်ချိန် - 12/20/2013 08:54:00 AM



အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ နေ ထိုင်တဲ့ အမျိုးသမီး တစ်ဦး ဟာ နာရီပေါင်း ၃၀ ကျော် မရပ် မနား အလုပ်လုပ်ပြီးတဲ့နောက် ပင်ပန်းနွမ်းနယ် မှုကြောင့် သေဆုံး သွား ခဲ့ရ တယ်လို့ သိရပါတယ်။ ဒီအမျိုး သမီးဟာ (၂၄) နှစ်သာ ရှိသေးပြီး စာရွက်စာတမ်းတွေကို ပြန်လည် ကူးယူရေးသားတဲ့အလုပ်ကို လုပ် ကိုင် သူ ဖြစ်ပါတယ်။ မီတာဒူရန် အမည်ရ အမျိုးသမီးဟာ ကုမ္ပဏီတစ်ခုအတွက် အ ရေးပါတဲ့ စာရွက် စာတမ်း တွေကို ပြန်လည် ကူးယူရေးသားနေရင်း အလုပ်ပင်ပန်းမှုဒဏ် ကြောင့် အသက် ဆုံးရှုံးသွား ခြင်း ဖြစ်ပါတယ်။ မီတာဒူရန်နဲ့ လုပ်ဖော်ကိုင်ဖက် တွေက အား ဖြည့်အချိုရည်တွေကို သောက်သုံးပြီး မအိပ် မနေ အလုပ်လုပ်ခဲ့ တာ မို့ သေဆုံးခဲ့ခြင်း ဖြစ် တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

မီတာဒူရန်ဟာ မသေဆုံးမီမှာ သူ့အနေ နဲ့ လက်ရှိလုပ်နေတဲ့အလုပ်ကြောင့် အလွန် ပင်ပန်းကြောင်း၊ နာရီပေါင်း မြောက်မြားစွာ မအိပ်စက်ရသေးကြောင်း တွစ်တာ ၀က်ဘ် ဆိုက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ မီတာဒူ ရန်ဟာ သူ့ရဲ့အလုပ် ပင်ပန်းကြောင်းကို မကြာ ခဏ ရင်ဖွင့် တတ်ပြီး အလုပ်များလွန်းနေလို့ အစား အသောက်တွေ ယူလာပေးဖို့ သူငယ် ချင်းဖြစ်သူတွေကိုတောင် နောက် ပြောင်ခဲ့ပါ တယ်။ မီတာ ဒူရန်ဟာ ကာလကြာရှည်အလုပ် ပင်ပန်းမှုကို ခံနေရတာဖြစ်ပြီး အောက်တိုဘာ နဲ့ နိုဝင်ဘာလ တွေတုန်း ကလည်း အ လုပ်တွေ များပြားလွန်းမှုကို တွစ်တာဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ မီတာဒူရန် ရဲ့ မိခင် ဖြစ်သူက သူ့ရဲ့သမီးဖြစ်သူဟာ မသေဆုံးမီ မှာ စိတ်နှလုံးမွန်းကြပ်တဲ့ဒဏ်ကို ခံနေရ ကြောင်း ဖွင့်ဟပြောကြား ခဲ့ပါ တယ်။ မီတာဒူ ရန်ဟာ အချိန်ပိုအလုပ်တွေ လုပ်ပြီးတဲ့နောက် အိပ်စက်အနားယူသင့်ပေမယ့် အားဖြည့်အချို ရည်သောက်ပြီး အလုပ်ကို ဆက်လုပ်တာမို့ နောက်ဆုံး ပင်ပန်းနွမ်းနယ်မှုကြောင့် အသက် ဆုံးရှုံးသွားခြင်း ဖြစ် ပါတယ်။
By Messenger