ယာဉ်တိမ်းမှောက်၍ (၄)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 12/09/2013 04:55:00 PM


နေပြည်တော်၊ ဒီဇင်ဘာ ၉

၇-၁၂-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၇/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ အေးမင်း(၇၂)နှစ်မောင်းနှင်လာသော ၄ဃ/xxxx အော်တစီခဲရွှေရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးသို့ထိုးကျခဲ့ပြီး တောင်ကမ်းပါးယံနှင့် ၀င်ရောက်တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်မောင်းအေးမင်းတွင် ယာနားထင် နာကျင်၊ ယာမျက်ခုံးညိုမဲ၊ ၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာ၊ ယာဉ်ပေါ်ပါ(၈)ဦးအနက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေသူများဖြစ်သည့် ဒေါ်မြမြစိန်(၅၈)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာလက်မောင်း/ ခါးနာကျင်၊ ၀ဲတံတောင်ဆစ်ပွန်းဒဏ်ရာ၊ မထက်ထက်အေးမင်း(၂၉)နှစ်တွင် ၀ဲတံတောင်ဆစ်ပွန်းပဲ့၊ နှာခေါင်း သွေးထွက်၊ လည်ပင်းနာကျင်ဒဏ်ရာ၊ မောင်စည်သူ(၆)နှစ်တွင် ယာတံတောင်ပြတ်ရှ၊ ၀ဲတံတောင်/ ယာခြေသလုံးပွန်းဒဏ်ရာနှင့် မောင်မောင်အေးမင်း(၂၇)နှစ်တွင် ၀ဲနားပွန်းပဲ့၊ ၀ဲပုခုံးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာရှေ့ခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးပျက်စီး၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အေးမင်းအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်