City Mart ပိုင်ရှင်နှင့် ဆက်နွှယ်သော ဂိုဒေါင်တွင် တွေ့ရှိထားသည့် ၀ိုင်၊ အရက် အားလုံးအတွက် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းအထိ တရားဝင် အထောက်အထား မပြနိုင်ပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 12/10/2013 10:30:00 PM

တွေ့ရှိထားသော ၀ိုင်ပုလင်းများကို Mobile Team မှ စစ်ဆေးနေသည်ကို တွေ့ရစဉ်

Created on Monday, 09 December 2013 22:58
City Mart ပိုင်ရှင်နှင့် ဆက်နွှယ်သော Premium Food Service ကုမ္ပဏီပိုင် သာကေတ စက်မှုဇုန် ဂိုဒေါင်ကို စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် သတ်မှတ်ရက်အတွင်း တရားဝင် တင်သွင်းခွင့် အထောက်အထား မပြသနိုင်ပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သတ်မှတ်ရက်မှာ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီ အထိသာ ဖြစ်ကြောင်း Mobile Team ၏ ထုတ်ပြန်မှုအရ သိရသည်။

Mobile Team မှ တာဝန်ရှိသူ ဦးဝင်းလွင်က ''ကျွန်တော်တို့ အနေနဲ့ တွေ့ရှိထားတဲ့ အရက်၊ ၀ိုင်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီအထိ ကန့်သတ်လိုက်ပါပြီ။ အဲဒီအချိန် ကျော်လွန်သွားရင် တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားပါတော့မယ်'' ဟု ပြောကြားသည်။

မူလက Mobile Team မှ တွေ့ရှိထားသော အရက်၊ ဘီယာများနှင့် ပတ်သက်၍ တရားဝင် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်အတွက် ဒီဇင်ဘာ ၇ ရက်က သက်ဆိုင်ရာ ကုမ္ပဏီသို့ အကြောင်းကြားစာအပြင် သတ်မှတ်ရက် တစ်ရက်သာ ပေးနိုင်တော့မည်ဟု ပြောကြားသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့်သာ ကေတမြို့နယ် မြမာလာလမ်းရှိ ဂိုဒေါင်တစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်...

ယင်းအကြောင်းကြားမှုအပေါ် Premium Food Service Products ကုမ္ပဏီကို ဦးစီးဆောင်ရွက် နေသူဟုဆိုသူ City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင်မှ ဒီဇင်ဘာ ၈ ရက်ကစ၍ တစ်ပတ် အချိန်ပေးရန် မေတ္တာရပ်ခံစာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ်အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ်လည်ခန့် အပြည့်ရှိပြီး ဒီဇင်ဘာ ၈ ရက်အထိ စစ်ဆေးတွေ့ရှိချက်အရ ၀ိုင်ပုလင်းပေါင်း ၈၇၆၀၀ နှင့် အရက်ပုလင်း ၁၂၉၀ လုံးတို့ဖြစ်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့်သာ ကေတမြို့နယ် မြမာလာလမ်းရှိ ဂိုဒေါင်တစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးခြင်းဖြစ်ပြီး ယင်းမတိုင်မီ စစ်ဆေးခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။

eleven media group