CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ

ပို့စ်တင်ချိန် - 12/27/2013 08:57:00 AM



ဆရာ ကျွန်မ ဘယ်ဘက်နောက်ကျော (ပခုံးကနေ ဂျိုင်းထိ) အရမ်းအောင့်ပါတယ်။ အရင်၂ဝဝ၆ တုန်းက တခါတလေမှ အောင့်ပေမယ့် ခု ၂ လလောက်ရှိပြီ တအားအောင့်ပါတယ်။ နေ့တိုင်းလိုလိုပါပဲ။ နေရလဲ ခက်ပါတယ်။ လွန်ခဲ့တဲ့ ၃ လ လောက်က ဆရာ့ နဲ့ပြဖူးပါတယ်။ သွေးစစ်ရတယ် လည်ပင်းဓါတ်မှန် ရင်ဘတ်ဓါတ်မှန်ရိုက်ရပါတယ်။ အဖြေတွေ ကြည့်ပြီး ဘာမှမဖြစ်ဘူး ပြောပါတယ်။ အရမ်းအောင့်ရင်တော့ CT scan ရိုက်ရမယ်ပြောပါတယ်။ ခုနောက်ပိုင်း တအား အောင့်လာလို့ပါဆရာ။ CT scan ကလဲ မရိုက်ရဲဘူးဆရာ။ side effect က ဘာတွေဖြစ်လာမလဲ မသိလို့။ ကျွန်မ အသက် ၃ဝ ပါ။ အိမ်ထောင်ရှိပါတယ်၊ ကလေးတော့ မရှိသေးပါ။

• CT ရိုက်တာကို Very low-risk procedure အန္တရာယ် နည်းလွန်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။
• ဆရာဝန်တွေက မလိုအပ်ဘဲ ရိုက်ဘို့ မခိုင်းပါ။
• သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုး X-rays ထက် ပိုပြီး X-rays သုံးရတယ်။
• ထိုးတဲ့ဆေးကြောင့် ပျို့တာ၊ အနေရခက်တာ၊ နွေးလာတာ၊ စိုထိုင်းထိုင်း ခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။
• Side effects ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သွေးပြန်ကြောထဲ ထိုးပေးရတဲ့ Liquid dye နဲ့ Allergic reactions မတည့်တာ ဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။
• ဒါ့ကြောင့် Asthma ပန်းနာရှိသူ၊ Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။
• ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာ ကောင်းတယ်။
• ရှားရှားပါးပါး ဒီဆေးက သိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့ အထူးသတိထားရတယ်။ ဆေးလျော့ ထိုးရတတ်တယ်။
• ဆီးချိုရှိသူတွေလဲ သတိထားရသူမဲ့ စာရင်းထဲ ပါတယ်။
• နှလုံးရောဂါ ဆိုးဝါးသူတွေကိုလဲ သတိထားရတယ်။
• X-rays သုံးတာမို့ နောင်တချိန်မှာ ကင်ဆာ ဖြစ်မလားလဲ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။ ငြင်းခုံနေဆဲ ဖြစ်တယ်။ ကင်ဆာ ဖြစ်မှာကို သက်သေပြချက်တော့ မရှိသေးပါ။
• ကလေးတွေက လူကြီးထက် ကင်ဆာ ဖြစ်နိုင်ခြေများမယ်လို့ ယူဆကြတယ်။ ၁ နှစ်သားကလေး ဗိုက်ကို ရိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ ဝ့၁၈%၊ ခေါင်းကိုရိုက်ရင် ဝ့ဝ၇% လို့ သုတေသနတခုက ဆိုထားတယ်။
• ဒါပေမဲ့ အမေရိကားမှာ ၁၅ နှစ်အောက် ကလေးပေါင်း တနှစ်မှာ ၆ သိန်းကို ရိုက်ပေးနတယ်။
• တကယ်တန်း ပြောရရင် မရိုက်သူတွေမှာလဲ ကင်ဆာဖြစ်နိုင်တဲ့ ကိန်းဂဏန်းနဲ့ ပြောရင် ထူးပြီးပိုတာဟာ မပြောပလောက်ပါ။

Contrast material မြင်ရအောင်လုပ်တဲ့ဆေးကို တချို့ရောဂါတွေအတွက် သွေးပြန်ကြောထဲထိုးတယ်။ တချို့ရောဂါတွေအတွက် အစာဟောင်းအိမ်။၊ အဆစ်ထဲမှာထိုးပေးပါတယ်။ တချို့ကြ ပါးစပ်ကနေသောက်ရေတယ်။ အမြဲတန်း အဲလိုဆေး မလိုပါ။

CAT computed axial tomography scan ကို
• Head ဦးခေါင်းကို blood clots, skull fractures, tumors, and infections သွေးခဲ၊ ဦးခေါင်းခွံကွဲခြင်း၊ ကင်ဆာ-အကျိတ်၊ ဦးနှောက် ပိုးဝင်တာတွေသိဘို့ ရိုက်မယ်။
• Spine ခါးဆစ်ကို vertebral fractures and herniated intervertebral disks ခါးဆစ်ရိုးကျိုး-မကျိုး၊ အဆုပ်ပုံမှန်မဟုတ်တာနဲ့ ပိုးဝင်တာတွေသိဘို့ရိုက်မယ်။
• Chest ရင်ပတ်ကို heart abnormalities, lung abnormalities and infections နှလုံးချို့ယွင်းချက်၊ အဆ်ုပချို့ယွင်းချက်တွေနဲ့ ပိုးဝင်တာတွေသိဘို့ရိုက်မယ်။
• Abdomen ဝမ်းဗိုက်ကို tumors, infections, abnormal anatomy, appendicitis and cysts အကျိတ်-ကင်တာ၊ ပိုးဝင်တာ၊ ဝမ်းဗိုက်ခန္ဓာဗေဒ၊ အူအတက်ပေါက်တာနဲ့ အလုံးစတာတွေအတက်ရိုက်မယ်။

CAT Scans နဲ့ ကိုယ်ဝန်ဆောင်
CAT scan မှာ ဓါတ်ရောင်ခြည် နည်းနည်းသုံးတယ်။ 10 mSv ရှိတယ်။ ဒီလိုဖြစ်တာဟာ လူတွေ နေရာင်ကနေရနေတဲ့ ဓါတ်ရောင်ခြည် ၃ နှစ်စာနဲ့ညီမျှတယ်။ ဒါပေမဲ့ မစိုးရိမ်သင့်ပါ။ အကျိုးရလဒ်နဲ့ ခံစားရမှာကို ချိန်ထိုးပြီး CAT scan ရိုက်နိုင်ပါတယ်။ American College of Radiology ဌာနရဲ့အဆိုအရ CAT scan တခါရိုက်တာနဲ့ သန္ဓေသားကို ဘေးထွက်-ဆိုးကျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲ မရိုက်သင့်ပါ။

CAT Scans နဲ့ နို့တိုက်မိခင်
ရိုက်တဲ့အခါ dye ဆေးထိုးခဲ့ရရင် ကလေးနို့တိုက်ဘို့ နောက်ထပ် ၂၄-၄၈ နာရီစောင့်သင့်ပါတယ်။

ဒေါက်တာ တင့်ဆွေ