Fast & Furious မင်းသား ပေါလ်ဝေါ်ကာ ယာဉ်တိမ်းမှောက် သေဆုံး

ပို့စ်တင်ချိန် - 12/02/2013 11:37:00 AM


"Fast & Furious" ရုပ်ရှင်ဇာတ်ကားများဖြင့် လူသိများကျော်ကြားလာသည့် ဟောလိဝုဒ်မင်းသား ပေါလ်ဝေါ်ကာသည် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကွယ်လွန်သွား ခဲ့သည်။ အသက် ၄၀ အရွယ် မင်းသားပေါလ်သည် မိတ်ဆွေတစ်ဦး၏ ၂၀၀၅ မော်ဒယ် Porsche 911 GT ကားဖြင့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တောင်ပိုင်းရှိ ဆန်တာကလာရီတာမြို့ တွင် ကျင်းပမည့် ဖိလစ်ပိုင် တိုင်ဖွန်းမုန်တိုင်းအတွက် ရန်ပုံငွေပွဲတစ်ခုသို့အသွားတွင် ကားမှာအရှိန်မ ထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ မီးလောင်ကျွမ်းခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် ကားပေါ်တွင်ပါရှိလာသော ခရီးသည်နှင့် ကားမောင်းသူတို့ သေ ဆုံးကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း မင်းသားပေါလ်သေဆုံးကြောင်း အတည် မပြုနိုင်ခဲ့သေးချေ။ သို့သော် နောက်ပိုင်းတွင် မင်းသား၏ ကိုယ်ရေးအရာရှိဖြစ်သူက သေဆုံးသူမှာ မင်း သားပေါလ်ဝေါ်တာဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

၎င်းက ပေါလ်၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှ “မင်းသားပေါလ်ဝေါ်တာဟာ ယနေ့ဖြစ်ပွားခဲ့တဲ့ ယာဉ် မတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ ရန်ပုံငွေပွဲအတွက် ခရီးသွားရာမှာ ကားမတော်တ ဆမှုကြောင့် ကွယ်လွန်ခဲ့ရတာပါ။ သူ့အတွက် ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲဝမ်းနည်းရပါတယ်”ဟု ပရိသတ်များကို အသိပေးခဲ့သည်။ ပေါလ်နှင့် ၎င်း၏မိတ်ဆွေတို့ စီးနင်းလာသောကားမှာ အမြန်နှုန်း ကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် များနှင့် ကယ်ဆယ်ရေးများ ရောက်ရှိလာချိန်တွင် အသက်ကယ်နိုင်ရန် နောက်ကျသွားခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုခဲ့သည်။

"Fast & Furious" ဇာတ်လမ်းတွဲများတွင် ဘရိုင်ယန်အိုကော်နာအဖြစ် သရုပ်ဆောင်သည့် ပေါလ်သည် Drift မှ စတင်ကာ လူကြိုက်များလာခဲ့ကာ လက်ရှိအချိန်တွင် "Fast & Furious 7" ဇာတ်ကားတွင် ပါ ၀င်သရုပ်ဆောင်နေဆဲ ဖြစ်သည်။ ပေါလ်သည် "Fast and the Furious" ဇာတ်ကားများအပြင်"Flags of Our Father" စသည့်ရုပ်ရှင်ကားပေါင်း ၂၀ ကျော် ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပြီးUniversalရုပ်ရှင် စတူဒီယို၏ ထင်ရှားကျော်ကြားသော မင်းသားတစ်ဦးလည်း ဖြစ်သည်။

Mizzima - News in Burmese