ကွမ်ကျို့အသင်းအား ၃ ဂိုး-ဂိုးမရှိဖြင့် အလွယ်တကူ အနိုင်ရပြီးနောက FIFA Club World Cup ဖိုင်နယ်ပွဲသို့ ဘေယန်မြူးနစ် တက်ရောက်

ပို့စ်တင်ချိန် - 12/20/2013 10:45:00 PM


 မော်ရိုကိုနိုင်ငံ အက်ဂါဒီယာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ယှဉ်ပြိုင် FIFA Club World Cup ဘောလုံး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲတွင် ဂျာမနီကလပ် အသင်းကြီး ဘေယန်မြူးနစ်က တရုတ် နိုင်ငံမှ ကွမ်ကျို့ အဲဗားဂရန်း အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။  အဆိုပါ ပွဲစဉ်တွင် ဘေယန်မြူးနစ် အသင်းသည် တရုတ် ကလပ်အသင်းအပေါ် ကောင်းစွာထိုးဖောက်ကစား နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းအတွက် အဖွင့်ဂိုးကို ပြင်သစ် တောင်ပံ ကစားသမား ဖရန့်ရီဘာရီက ပထမပိုင်း မပြီးဆုံးမီ ငါးမိနစ် အလိုတွင် ဘောလုံးကို လှလှပပ ဆွဲယူသွားပြီး ကွမ်ကျို့ ဂိုးသမား ကျန်းချန်အား ဖြတ်ကျော်၍ ဘယ်ခြေဖြင့် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဘေယန်မြူးနစ် အသင်းအတွက် ဒုတိယဂိုးကို ခရိုအေးရှား တိုက်စစ် မှူး မာရီအိုမန်ဇူကစ်က ပွဲချိန် ၄၄ မိနစ်တွင် အသင်းဖော် တစ်ဦး ဖြစ်သူ သီယာဂိုအယ်လ်ကန်တာရာ၏ ဖြတ်တင်ဘောကို ခေါင်းတိုက် သွင်းယူ ခဲ့သည်။ ကွမ်ကျို့ အသင်းသည် ကွာတား ဖိုင်နယ် ပွဲစဉ်တွင် ချန်ပီယံရှစ်ကြိမ် ရရှိထားသည့် အယ်လ်အလီ အသင်းအား ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်ရောက်လာခြင်း ဖြစ်သော်လည်း ဘေယန်မြူးနစ် အသင်း အား ထိုးဖောက် ကစားနိုင်ရန် ရုန်းကန် နေခဲ့ရသည်။  ဒုတိယပိုင်း ပြန်စပြီး အချိန်တွင်လည်း ဘေယန်မြူးနစ် အသင်းကသာ ဘောလုံးကို ထိန်းချုပ် ကစား နိုင်ခဲ့ပြီး ပွဲချိန် ၄၇ မိနစ်တွင် အယ်လ်လာဘာက ညာဘက် မှနေ၍ မျှောချ ပေးလိုက် သည့် ဘောလုံးကို မာရီယိုဂိုစ့်က အမှားအယွင်းမရှိ ထိန်းချုပ်ပြီး ကိုက် ၂ဝ အကွာမှ ဂိုးပေါက် ထောင့်အတွင်းသို့ ကန်သွင်း၍ ဘေယန်မြူးနစ် အသင်းအတွက် အောင်ပွဲကို ပိုမိုခိုင်မာ စေခဲ့ သည်။ ဘေယန်မြူးနစ် အသင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် ယှဉ်ပြိုင် ကစားမည့် ဗိုလ်လုပွဲ တွင် မော်ရိုကို ချန်ပီယံ ကလပ်အသင်းကြီး တစ်သင်းဖြစ်သည့် ရာဂျာကာဆာ ဘလန်ကာ အသင်း သို့မဟုတ် အသလက်တီကိုမင်နေးရိုးအသင်း တို့အနက် တစ်သင်းသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။  အက်ဂါဒီယာ မြ၀တီ
မော်ရိုကိုနိုင်ငံ အက်ဂါဒီယာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ယှဉ်ပြိုင် FIFA Club World Cup ဘောလုံး ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲတွင် ဂျာမနီကလပ် အသင်းကြီး ဘေယန်မြူးနစ်က တရုတ် နိုင်ငံမှ ကွမ်ကျို့ အဲဗားဂရန်း အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ဘေယန်မြူးနစ် အသင်းသည် တရုတ် ကလပ်အသင်းအပေါ် ကောင်းစွာ ထိုးဖောက် ကစား နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းအတွက် အဖွင့်ဂိုးကို ပြင်သစ် တောင်ပံ ကစားသမား ဖရန့်ရီဘာရီက ပထမပိုင်း မပြီးဆုံးမီ ငါးမိနစ် အလိုတွင် ဘောလုံးကို လှလှပပ ဆွဲယူသွားပြီး ကွမ်ကျို့ ဂိုးသမား ကျန်းချန်အား ဖြတ်ကျော်၍ ဘယ်ခြေဖြင့် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဘေယန်မြူးနစ် အသင်းအတွက် ဒုတိယဂိုးကို ခရိုအေးရှား တိုက်စစ် မှူး မာရီအိုမန်ဇူကစ်က ပွဲချိန် ၄၄ မိနစ်တွင် အသင်းဖော် တစ်ဦး ဖြစ်သူ သီယာဂိုအယ်လ်ကန်တာရာ၏ ဖြတ်တင်ဘော ကို ခေါင်းတိုက် သွင်းယူ ခဲ့သည်။ ကွမ်ကျို့ အသင်းသည် ကွာတား ဖိုင်နယ် ပွဲစဉ်တွင် ချန်ပီယံရှစ်ကြိမ် ရရှိထားသည့် အယ်လ်အလီ အသင်းအား ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်ရောက် လာခြင်း ဖြစ်သော်လည်း ဘေယန်မြူးနစ် အသင်း အား ထိုးဖောက် ကစားနိုင်ရန် ရုန်းကန် နေခဲ့ရသည်။

ဒုတိယပိုင်း ပြန်စပြီး အချိန်တွင်လည်း ဘေယန်မြူးနစ် အသင်းကသာ ဘောလုံးကို ထိန်းချုပ် ကစား နိုင်ခဲ့ပြီး ပွဲချိန် ၄၇ မိနစ်တွင် အယ်လ်လာဘာက ညာဘက် မှနေ၍ မျှောချ ပေးလိုက် သည့် ဘောလုံးကို မာရီယိုဂိုစ့်က အမှားအယွင်းမရှိ ထိန်းချုပ်ပြီး ကိုက် ၂ဝ အကွာမှ ဂိုးပေါက် ထောင့်အတွင်းသို့ ကန်သွင်း၍ ဘေယန်မြူးနစ် အသင်းအတွက် အောင်ပွဲကို ပိုမိုခိုင်မာ စေခဲ့ သည်။ ဘေယန်မြူးနစ် အသင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် ယှဉ်ပြိုင် ကစားမည့် ဗိုလ်လုပွဲ တွင် မော်ရိုကို ချန်ပီယံ ကလပ် အသင်းကြီး တစ်သင်းဖြစ်သည့် ရာဂျာကာဆာ ဘလန်ကာ အသင်း သို့မဟုတ် အသလက်တီ ကိုမင်နေးရိုးအသင်း တို့အနက် တစ်သင်းသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

အက်ဂါဒီယာ
Myawady News