Heart attack နှလုံးသွေးကြောရုတ်တရက်ပိတ်စေပြီး Stroke လေဖြတ်စေနိုင်တဲ့ ဆားဓာတ်များလွန်ကဲတဲ့ အရည်ဖျော် အကိုက်အခဲပျောက်ဆေးများ

ပို့စ်တင်ချိန် - 12/13/2013 08:45:00 AM

သန်းပေါင်းများစွာသော ဗြိတိန်သျှလူမျိုးတွေ ပုံမှန်သောက်နေကြတဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ဆားဓာတ်လွန်ကဲနေတာကြောင့်
heart attack နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်း၊ stroke လေဖြတ်ခြင်း နဲ့ အရွယ်မရောက်မီ သေဆုံးမှုတွေ ဖြစ်နိုင်တယ်လို့ ဆေးသုတေသနတစ်ခုထဲမှာ ရေးသားထားပါတယ်။

လူနာတွေ ဆေးသောက်ကြတဲ့အခါ ဆားဓာတ်တွေနဲ့ အရည်ပျော်အောင်လုပ်ထားတဲ့ aspirin အက်စ်ပီရင်၊ paracetamol ပါရာစီတမောလ်၊ ibuprofen အိုင်ဗယူပရိုဖင်နဲ့ တချို့ဆေးတွေ သောက်တဲ့သူတွေဟာ လေဖြတ်ဖို့ ၂၂% ပိုများပြီး သွေးတိုးနိုင်ခြေ ၇ ဆ များလာနိုင်တယ်လို့ ဆေးသုတေသနပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဒီလူနာတွေဟာ စောစောသေနိုင်ဖို့ ၂၈% ပိုများနေတာလည်း တွေ့ရှိရပါတယ်။

တချို့အကိုက်အခဲပျောက်ဆေးတွေဟာ လူတစ်ယောက်အတွက် နေ့စဉ်သတ်မှတ်တဲ့ ဆားပမာဏထက် ၅၀% ပိုများနေပါတယ်။

ဒီဆေးသုတေသနကို ပြုလုပ်ခဲ့တဲ့ University College London လန်ဒန်ကောလိပ် တက္ကသိုလ်နဲ့ University of Dundee ဒန်န်ဒီးတက္ကသိုလ်တွေက ပညာရှင်များက လူနာတွေကို အရည်ဖျော်ပြီးသောက်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ပုံမှန်မသောက်ကြဖို့ သတိပေးတိုက်တွန်းထားပါတယ်။

ဆားပမာဏ ဘယ်လောက်ပါဝင်သလည်းဆိုတာ အစားအသောက်တွေထဲမှာ ဖော်ပြထားသလိုပဲ ဘယ်ဆေးတွေထဲမှာ ဆားပမာဏဘယ်လောက် ပါသလည်း ဆိုတာ ဆေးဗူးပေါ်မှာဖေါ်ပြပေးဖို့ ဒီပညာရှင်တွေက ဆေးကုမ္ဗဏီတွေကို တိုက်တွန်းထားပါတယ်။

သန်းချီတဲ့ လူနာတွေ အထူးသဖြင့်သက်ကြီးရွယ်အိုတွေဟာ ဆေးတွေကို မမျိုနိုင်လို့ ဒီလိုအရည်ပျော်တဲ့ ဆေးတွေသောက်ကြရပါတယ်။

အစိုးရရဲ့  လမ်းညွှန်ချက်အရ လူတစ်ဦးဟာ နေ့စဉ် ဆား ၆ ဂရမ်ထက်ပိုပြီး အစားသုံးသင့်ပါဘူး။ တစ်နေ့ကို အရည်ဖျော်ပါရာစီတမော ရှစ်လုံးသောက်တဲ့လူနာတွေဟာ နေ့စဉ်သတ်မှတ်ပမာဏထက် ၅၀% ပိုပြီးများနေပါတယ်။ အာလူးကြော် ၁၈ ထုတ်စားတဲ့ ဆားပမာဏနဲ့ အတူတူပါပဲ။

လူတစ်ဦးကို နေ့စဉ် ဆားစားသုံးမှုက ၈ ဂရမ်ရှိပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ လူတိုင်း နေ့စဉ် ၃ ဂရမ်လျှော့စားရင်ကိုပဲ ယူကေမှာ နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းနဲ့ လေဖြတ်ခြင်းတွေ တစ်နှစ်ကို လူဦးရေ ၃ သောင်းလောက်နည်းသွားပါလိမ့်မယ်လို့ ပြောပါတယ်။

အာလူးကြော်တစ်ထုတ်မှာ ဆား ၁ ဂရမ်ပါပါတယ်။ ဆားဓာတ်များတဲ့ အစားအသောက်တွေထဲမှာ အဆိုးဆုံးအစားအစာတွေကတော့ ရယ်ဒီမိတ်ဒ် အစားအစာတွေပါပဲ။

ဗြိတိန်နိုင်ငံမှာ တစ်နှစ်ကိုလူတစ်သိန်းရှစ်သောင်းကျော်သေတဲ့ နှလုံးနဲ့သွေးကြောရောဂါတွေဟာ လူအများဆုံးသတ်တဲ့ လူသတ်သမားတွေပါ။
ဗြိတိသျှနှလုံးဖောင်ဒေးရှင်းရဲ့ တွဲဘက်ဒါရိုက်တာဖြစ်တဲ့Dr Mike Knapton ပြောတာကတော့ “ကျနော်တို့ သိတဲ့အတိုင်း ဆား စားသုံးမှုများရင် နှလုံးသွေးကြော ရုတ်တရက်ပိတ်ရောဂါ နဲ့ လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်”တဲ့။

ဒါကြောင့် ဒီလို ဆားဓာတ်များတဲ့ဆေးတွေကို ရှောင်ပြီး ပုံမှန်ဆေးတွေပဲ သောက်သင့်ပါတယ်။ ဆေးအတွက် ပိုမလေးစေရန် သတိထားကြပါလို့ အကြံပေးချင်ပါတယ်။

REF: Myanmar Heart Foundation