ကျန်စစ်သားမင်းကြီး၏ ကုသိုလ်တော် ပုဂံအလိုတော်ပြည့်ဘုရား အဓိဋ္ဌာန်ဆုတောင်းပွဲIRON CROSS တီးခတ်ပူဇော်မည်

ပို့စ်တင်ချိန် - 12/13/2013 04:50:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၁

နှစ်စဉ် ကျင်းပမြဲဖြစ်သော ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီး၏ ကုသိုလ်တော် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲ၊ အဓိဋ္ဌာန် ဆုတောင်းပွဲကို ၂၂ ကြိမ်မြောက် အဖြစ် ယခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှစ၍ ပုဂံမြို့တွင် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တအရိယ၀ံသ အလိုတော်ပြည့်ဆရာတော် ဘုရားကြီးဦးစီး၍ ကျင်းပမည်ဖြစ် ကြောင်း အလိုတော်ပြည့် ဂေါပကအဖွဲ့ထံမှ သတင်းရရှိသည်။

ပုဂံအလိုတော်ပြည့် ဘုရား အဓိဋ္ဌာန် ဆုတောင်းပွဲအကြိုနေ့၊ နတ်တော်လဆန်း ၁၄ ရက်(ဒီဇင်ဘာ ၁၆ ရက်)တွင် ညနေ ၃ နာရီမှစ၍ အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပုဂံမြို့တွင်း လှည့်လည် ပူဇော်ပြီး အလိုတော်ပြည့်ဘုရား ရင်ပြင် မင်္ဂလာမဏ္ဍပ်၌ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော် ဘုရားကြီး ဦးဆောင်ကာ အကြိုအဓိဋ္ဌာန် ဆုတောင်းပွဲ ကျင်းပမည်ဖြစ်သည်။ နတ်တော်လပြည့်နေ့ (ဒီဇင်ဘာ ၁၇ ရက်)တွင် ၂၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား အဓိဋ္ဌာန် ဆုတောင်းပွဲအခမ်းအနားကို နံနက် ၇ နာရီမှစတင်၍ ကျင်းပမည်ဖြစ်ပြီး အလှူ ရှင်များက သစ်သီးငါးထောင်၊ ပန်းငါး ထောင်၊ ဆီမီးငါးထောင်၊ ဆွမ်းငါး ထောင်၊ ရေငါးထောင်တို့ကို အလိုတော်ပြည့်ဘုရား အား ဆက်ကပ်လှူဒါန်းခြင်း၊ အလိုတော် ပြည့်ဆရာ တော်နှင့် သံဃာတော်အရှင် သူမြတ် ၅၂၈ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ်္ထုများလောင်းလှူခြင်း ပြုလုပ် ကြမည်ဖြစ်ရာ …အလိုတော်ပြည့်ဘုရားပွဲ တွင် ရပ်နီးရပ်ဝေးမှ ဝေနေယျများအား ညောင်ဦးမြို့နယ်၊ အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်တွင် တည်းခိုနိုင်ရေးနှင့် ပတ်ဝန်းကျင်ကျောင်း တိုက်များ၌ လည်း တည်းခိုနိုင်ရန် စီစဉ် ထားကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဟန်ဇာ မိုးဝင်းဇာတ်အဖွဲ့၊ ဒီဇင်ဘာ ၂၀၊ ၂၁ တွင် Iron Cross တေးဂီတအဖွဲ့ တီးခတ်ပူဇော်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၂ ရက်နေ့နောက်ပိုင်း မန္တလေး ဇာတ်အဖွဲ့များ ပါဝင်မည်ဖြစ်ပြီး ဘုရားပွဲ လာမည့်သူများအနေဖြင့် အကြို အဓိဋ္ဌာန်ပြု ဆုတောင်းပွဲကျင်းပမည့် ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီထက် နောက်မကျဘဲ အလိုတော်ပြည့် ဘုရားသို့ လာရောက်ကြ ရန်လိုအပ်ကြောင်း ညောင်ဦးအလိုတော် ပြည့်ကျောင်းတိုက် ဆရာတော် ဂန္ထ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတက မြန်မာသံတော် ဆင့်သို့ မိန့်ကြားသည်။

Myanmartandawsint Newspaper