Lenovo မှ ထုတ်လုပ်လိုက်သော Vibe X smartphones များ

ပို့စ်တင်ချိန် - 12/14/2013 10:33:00 AM



Lenovo မှ Vibe X ဆိုတဲ့ smartphones သုံးမျိုးကို ထုတ်လုပ်လိုက်ကြောင်း
သိရပါတယ်။ သုံးမျိုး အမည်တွေကတော့ S930, S650 နှင့် S960 (သို့)
Vibe X တို့ပဲ ဖြစ်ကြပါတယ်။ နောက်လတွင် ဖြန့်ချီမှာ ဖြစ်တယ်လို့ သိရပါတယ်။

Lenovo S930 ဟာ မျက်နှာပြင် ၆ လက်မဖြစ်ပြီး RAM 1GB ကနေ
8GB storage အထိအသုံးပြုနိုင် ပါတယ်။ ကင်မရာကတော့
8-megapixel ဖြစ်ပြီး Android ဗားရှင်းကတော့ 4.2 OS ဖြစ်ကြောင်း
သိရပါတယ်။

Lenovo S650 မျက်နှာသေးငယ်ပြီး 4.7 လက်မသာရှိပါတယ်။ Android
ဗားရှင်းကတော့ 4.2 ဖြစ်ပြီး မျက်နှာပြင် resolution 540 x960 ဖြစ်တယ်လို့
ဆိုပါတယ်။

Lenovo S960 Vibe X ဟာ မျက်နှာပြင် 5.5 လက်မနှင့် resolution
1080 x 1920 ဖြစ်တယ်လို့ သိရပါတယ်။ RAM 2GB RAM မှ 16GB storage
အထိအသုံးပြုနိုင် ပါတယ်။ ကင်မရာကတော့ 13-megapixel နှင့် 5-megapixel ဖြစ်ကြပြီး Android ဗားရှင်းကတော့ 4.2.2 ဖြစ်တယ်လို့ သိရပါတယ်။

ဈေးနှုန်း အနေနဲ့ကတော့ ရှုပီ 13,990 ၊ S650 ဟာ 11,990 ဖြစ်ပြီး S960 Vibe X 16,990 ရှုပီ ဖြစ်ကြောင်း သိရပါတယ်။
ကျော်လင်းနိုင် (smart.com.mm)
Smart Pro Journal